Blogger
တနင်္သာရီသား
On Blogger since: April 2008
Profile views: 782

My blogs

About me

Locationတနင်္သာရီမြို့, တနင်္သာရီတိုင်း, Myanmar (Burma)
Introductionနာမည်က ဖြိုးမောင်မောင်ပါ။ ဇာတိကတနင်္သာရီမြို့၊၂၀၀၀ ခုနှစ်မှာ မြိတ် အ.ထ.က(၃) ကနေပြီးတော့ ဆယ်တန်း အောင်ပါတယ်။ နောက်ပိုင်း(၈)နှစ်လောက် ဘ၀ခရီးကို လျှောက်ခဲ့ပါတယ်။ ပညာရေးရော၊ စားဝတ်နေရေးရော ပါတာပေါ့ဗျာ။ အစုံပါပဲ။ ကျွန်တော် ဒီဘလော့ဂ်လေးကို ဖန်တီးချင်နေတာ ကြာပါပြီ။ဘာလို့လဲဆိုတော့တနင်္သာရီ တိုင်းနဲ့ပတ်သက်ပြီးဘလော့ဂ်မတွေ့ရလို့ပါ။ အခုတော့ မဖြစ်မနေလုပ်ချင်တဲ့ စိတ်လေးဝင်လာလို့ ဖန်တီးလိုက်တာပါ။ အချက်အလက်တွေကတော့ အနီးစပ်ဆုံးရှာထားတာပါ။ အားနည်းချက်လေးများရှိနိုင်ပါတယ်။ ကျွန်တော်ဟာ တနင်္သာရီတိုင်းသား ဆိုပေမယ့် တစ်ချို့နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ မရောက်ဖူးပါဘူး။ ဒါ့အပြင် တနင်္သာရီတိုင်း အကြောင်းကိုအသေးစိတ်ဖော်ပြရန် ဒေသအခေါ်အဝေါ် အတော်များများလိုပါသေးတယ်။ဥပမာ-မြိတ်၊ပုလော၊ ထားဝယ် ဒေသရှိလူမျိုးများ၏ စကားပြောဟန်သည် ဒေသအလိုက် တစ်ဦးနှင့်တစ်ဦး မတူညီကြပါဘူး။ ပစ္စည်းတစ်ခုကို ခေါ်ဆိုရာတွင်လည်း ကွဲလွဲမှုရှိကြပါတယ်။ ထိုအကြောင်းအရာ များကို ရေးသားရန် ကြိုးစာဆဲဖြစ်သည်။ ကျွန်တော့်၏ မှားယွင်းစွာ ရေးသားဖော်ပြမှုများရှိခဲ့လျှင်လည်း နားလည် ခွင့်လွှတ်ပေးရန် အနူးညွှတ်တောင်းဆိုချင်ပါတယ်။ ဒီဘလော့ဂ်နဲ့ပတ်သက်တဲ့ ဆောင်းပါး၊ဓာတ်ပုံစသည့် လိုအပ်ချက်များကို ပေးပို့နိုင်သလို အကြံပြုချက်များကိုလည်း မျှော်လင့်နေပါတယ်။ ဒီဘလော့ဂ်လေးနဲ့ပတ်သက်ပြီးသိချင်တာ ရှိရင်လည်း မေးမြန်းတောင်းဆိုနိုင်ပါတယ်။ ကူညီပေးတဲ့ရောင်းရင်းတွေကိုအထူး ကျေးဇူးတင်ပါတယ်။
Google apps
Main menu