tag:blogger.com,1999:blog-87610519359492264512009-05-05T04:03:18.966+07:00မောင်မျိုးAnonymousnoreply@blogger.comBlogger342125tag:blogger.com,1999:blog-8761051935949226451.post-7013008646879359182009-04-28T11:08:00.004+07:002009-04-28T11:17:48.138+07:00နောက်ဆုံးတသမတ်တည်း စီးဆင်းနေတဲ့
သဘာဝတရားကြီးပါ
ဘယ်သူ့ကိုမှ မရိုက်ချသလို
ဘယ်သူ့ကိုမှလည်း မမြှောက်ပင့်ပါဘူး
လေယူရာ ယိမ်းနိုင်ခဲ့ရင်တောင်
အချိန်တန်တော့လည်း ဒီလောက်ပါပဲ
အဲဒါလေးကိုပဲ ယစ်မူးခဲ့တဲ့
ဟောဒီ တလွဲကောင်က
နောက်ဆုံးတော့ ရင်ဘတ်ဟောင်းလောင်းနဲ့
ကိုယ့်စီရင်ချက် ကိုယ်ချခဲ့တယ် ... ... ...။

သူငယ်ချင်း မျှားပြာ ကဗျာပါ ကျနော်နဲ့ခံစားချက်တွေတူနေလို့တင်လိုက်တာ ။ ဒီပို့စ်လေးနဲ့အတူ ကျနော်လည်း အလုပ်ကိစ္စလေးတွေနဲ့ င်္ဒီဘလော့ရပ်ဝန်းလေးကနေ တော်တော်ကြာကြာပျောက်ပါအုံးမယ် ။ အားလုံးသော သူငယ်ချင်းများ ပျော်ရွှင်အဆင်ပြေကြပါစေ ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com6tag:blogger.com,1999:blog-8761051935949226451.post-23628691758004723192009-04-27T17:41:00.001+07:002009-04-27T17:43:54.846+07:00တောထဲကကျောင်းဆရာတောထဲက ကျောင်းဆရာ သူ့အရည်ချင်းနဲ့ မြို့ကြီင်္းပြကြီးတွေမှာ ကျောင်းဆရာကောင်းကောင်းလုပ်နိုင်ပေမယ့် သူကတော့ တောထဲမှာပဲ ပျော်တယ်ဆိုတဲ့ ကျောင်းဆရာတစ်ယောက် ။ ဟိုးလွန်ခဲ့တဲ့ တစ်နှစ်ကျော်က အမှတ်မထင်ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က အပြင်မှာပါကျနော့်အတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ ဒီနေ့ သူ့မွေးနေ့ ။ ၂၄ လို့ပြောဘယ်သူမှ ယုံမှာမဟုတ် ကျနော်တောင်မယုံဘူး =) နှစ်လုံးထီထိုးသလို ပြောင်းပြန်လှန်ရင်တော့ ယုံချင်စရာ ။ သူကပြောတယ် “ငါ့အိမ်ကို ငါချစ်တယ် ငါ့တိုင်းပြည်က လွဲပြီး ဘယ်မှမသွားဘူး” တဲ့ ပိဿလေးနဲ့ ဘေးပစ်ပါတယ် နံရိုးတောင်ကျိုးမတတ်ပဲ ဦးလေးမုတ်ရယ် သားတို့လည်း တစ်ခြားရွာမှာ ရေနောက်သောက် မြက်ခြောက်စားနေရတာပါ။

သူကတော့ တောထဲက ခေတ်ကြီင်္းအကြောင်းကို ဒီလိုဖွင့်ဆိုထားပါတယ်

“ဒီလိုပါပဲ
ဒီလိုပါပဲ ဆိုတဲ့စကားလုံးကို အပြည့်အစုံရှင်းပြနိုင်အောင်…
ကြိုးစားခဲ့တာ ဘာမှအရာမထင်ခဲ့ပါဘူး…
နွေဦးကာလတစ်ခုကို လွန်မြောက်ခဲ့ပြီးတဲ့နောက်…
ရာသီအဖွင့်အပိတ်တွေတိုင်း အမြဲရောက်လာတဲ့ စကားလုံးက…
ဒီလိုပါပဲ ဖြစ်နေခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ..

ထမင်းစား ရေသောက် ဘာတွေဖြစ်နေသလဲ ဒီလိုပါပဲ…
ငွေရေးကြေးရေး အလုပ်ကော အဆင်ပြေသလား ဒီလိုပါပဲ…

ဒီလိုပါပဲ ဒီလိုပါပဲ ဒီလိုပါပဲထဲက ဒီလိုပါပဲ…
ဘယ်လိုပါလဲ ဒီလိုပါပဲ ဒီလို ဒီလိုပါပဲ….
အသိမ်းအနှုတ် အသော့အရမ်း အထေ့အငေါ့…
အမြောက်အပင့် အချေးအဌား အချစ်အလွမ်း…
ကျန်တာတွေမေ့ထားကြပေါ့….

သူတို့တွေပြောကြတဲ့ ဒီလိုပါပဲ…
ဒီလိုပါပဲဟာ ကူးစက်ရောဂါ…
ဒီလိုပါပဲဟာ နေထိုင်မှုဘ၀…
ဒီလိုပါပဲဟာ စီးနေကြဘတ်စ်ကား..
ဒီလိုပါပဲဟာ အပေါင်ဆုံးသွားတဲ့အရာတစ်ခု…
ဒီလိုပါပဲဟာ ရွေ့လျားနေတဲ့ မျှော်လင့်ချက်…
ဒီလိုဘာပဲဟာ ဘေးမှာရပ်နေတဲ့ သေခြင်းတရား…
ဒီလိုပါပဲနဲ့ပဲ နှုတ်ဆက်ကြ နှုတ်ဆိတ်ကြ…
တစ်နေ့ တစ်နေ့ ဒီလိုပါပဲထဲခုန်ချ…
ဒီလိုပါပဲ စကားတွေပြောကြ…
ကျွန်တော်ဟာ အမြဲဒီလိုပါပဲ….

~~~~~ ဘာလာရှာပါသလဲ ဘာမှမရှိလို့စိတ်မကောင်းပါ…
ပန်ကန်မှာ ကျန်နေတဲ့ တစ်ဝက်ပဲ ရှိတဲ့ထမင်းလုံးလား…
ငါလည်း ပုရွက်ဆိတ်ပါ တော်သလိုသာနေကြပါ…
ငါ့ကို လာမကိုက်ကြနဲ့ မရတော့ဘူး ~~~~~~

ဒီလိုပါပဲ ပုံပြင် ဒီမှာ အဆုံးသတ်၏
မျှော်သူကား ပေါ်မလာခဲ့…
ကဲ.. အဲတာဆို အိမ်ပြန်ပြီ…
ဒီလိုပါပဲ….။””

အရွယ်နဲ့မလိုက်အောင် စာရေးကောင်းပြီး ရင့်ကျက်တယ် တစ်ခါခါတွေးမိတာ ဒီကောင့်ခေါင်းထဲ စာတွေပဲထည့်ထားသလားလို့ တစ်ချို့စာတွေဆိုနားမလည်ပါဘူး စိတ်လည်းပူသွားတယ် ရူးများသွားပြီးထင်နေတား) တစ်ခါသူက ထူးထူးဆန်းဆန်းမေးခွန်းတစ်ခုမေးပါတယ် “ ငါသေသွားရင် မင်းဘယ်လိုသိမလဲ ” တဲ့ သူကတော့ အမြဲ အထူးဆန်းတွေပြောတတ်ပါတယ် ။မွေးနေ့ပို့စ်တွေဆိုရင် ဘယ်လိုရေးရမလဲမသိဘူး ပျင်းလိုက်တာ တော်ပြီ ငမုတ် ငါရေးရင် အကောင်းတွေထွက်လာမှာမဟုတ် ပေါက်ကရတွေလိုက်ရေးမိကုန်အုံးမယ် ။

ဒါနဲ့ ငါသတင်းတွေကြားနေတာ မင်းတို့ရုံးနားက ကွမ်းယာရောင်းတဲ့ ကုလားမလေးနဲ့ ဘာလိုလိုဆို ယူမှာဖြစ်လည်း ယူလိုက်တော့ကွ အချစ်ဆိုတာကလည်း မင်းတပ်ထားတဲ့ မျက်မှန်လို အနီးအဝေး မကြည်လို့ ပါဝါချိန်လို့ ရတဲ့အမျိုးမဟုတ်ဘူးဆိုတော့လည်း ခက်သားကော ။
Happy Birthday ငမုတ်ရေ့ ၂၄ မှစ သက်တော်ရာကျော်ရှည် သားတစ်ရာ မြေး၂၀၀ နဲ့ ခေါင်းမွှေးတွေပြောင်ပါစေကွာ ။ ရော့..ဒိီမှာ မင်းအတွက်လက်ဆောင် ထိုင်းက နာမည်ကြီးလေ ရထားတဲ့ဆုက miss ladyboy 2007 တဲ့ လှတာတော့ တော်တော်ကိုလှတယ် ယူလိုက်နော့် ငါ့ကိုအားနာရင် :P

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com10tag:blogger.com,1999:blog-8761051935949226451.post-33123847101701993392009-04-27T09:41:00.001+07:002009-04-27T09:44:39.109+07:00အမေ့ပါးပြင်သနပ်ခါးရနံ့ တွေ သင်းပျံနေတဲ့ပါးပြင်၊ ချွေးစက်တွေ စွန်းနေတဲ့ပါးပြင်၊ ဇရာကြောင့် အသားရည်တွေ တွန့် နေပေမယ့်လည်း ကျနော့်အတွက် ထာဝရမွှေးကြူးနေမယ့် အမေ့ ရဲ့ ပါးပြင်းပါပဲ။ ဘယ်လို အခက်ခဲတွေနဲ့ ကြုံတွေနေပါစေ သားသမီးတွေအတွက် မျက်နှာတစ်ချက်မပျက် ထာဝရပြုံးနေတတ်တဲ့ အမေ့ကို လွမ်းတယ် ။ အမေ့ဆီက တန်းဖိုးရှိတဲ့ လက်ဆောင်ကောင်းတစ်ခု ကျနော် ရထားတယ်လေ ဘာနဲ့ မှဝယ်ယူလို့ မရနိုင်တဲ့ လူတိုင်းကို အပြုံးနဲ့ နှုတ်ဆက်ပါဆိုတဲ့ အမေ့ စကားကြောင့် ကျနော် လူ့ လောကမှာ ရှင်သန်နိုင်ခဲ့ပြီး ။အမေ မကြားဖူးတဲ့ စကားလုံးအသုံးနှုံတွေပြောမိရင် ဘာလဲလို့  ပြန်မေးတတ်တဲ့ အမေ့ကို စိတ်မရှည်စွာနဲ့  အော်ခဲ့မိတဲ့ ကျနော် အခုချိန် ပြန်စဉ်းစားမိတိုင်း နောင်တ ရမိတယ်။

ကျောင်းသားဘ၀ အရာရာ မြင့်မားနေတဲ့ ငွေကြေးအတွက် အမေ မနက်စောစော ရွာကနေ မှောင်၂မဲ၂ကြီးထဲ ခြံထွက်သီးနှံတွေကို မြို့ ပေါ်တက်ရောင်းခဲ့ရတာတွေကို ဒီသားမိုက်ကမသိတတ်ပဲ အသုံးဖြုန်းကြီးပြီး ခဏတာ ဘ၀မေ့တတ်ခဲ့ဖူးတယ် ။ မှတ်မိပါသေးတယ် အမေ ကျနော့်ဘ၀ရဲ့ အနားကျင်ဆုံးနေ့ ရက်တွေထဲက တစ်ရက်ပေါ့ ကျနော့်ရဲ့ ကျောင်းအသုံးစရိတ်အတွက် အမေ့ နားက နားကပ်ချွတ်ရောင်းပေးခဲ့တဲ့နေ့  အမေကမ်းပေးတဲ့ ငွေစအချို့ ကို တုန်ရင်နေတဲ့ လက်အစုံနဲ့  ကျနော် ယူခဲ့ရတယ် ။ နားကျင်လွန်းလို့ စီးကျလာတဲ့ မျက်ရည်စတွေကို အပြုံးမပျက်တဲ့ မျက်ဝန်းနဲ့ ကြည့် ၊ နွေးထွေးတဲ့လက်အစုံနဲ့  ကျနော့်မျက်ရည်စတွေကို သုတ်ပေးခဲ့တယ် ။ အဲ့ဒီတုန်းက အမေ ပြောခဲ့တဲ့ စကား မှတ်မိနေသေးတယ် ''ငါ့သား... ..ပိုက်ဆံတွေ အများကြီးရှာနိုင်တဲ့တစ်နေ့  စိန်နားကပ်အကြီးကြီးတစ်ရံ ပြန်ဝယ်ပေးပေါ့ '' ဆိုတဲ့ ၀မ်းနည်းနေတဲ့ ကျနော့်ကို ဟာသလိုလို ပြောပြီး ပျော်ရွှင်စေခဲ့တယ် ။

မိုးချုန်းသံတွေကြားနေရရင် လုံခြုံပါတယ်ဆိုတဲ့ တိုက်ခန်းက အမေ့ရဲ့ တဲအို ဓနိမိုး အိမ်ငယ်လေးလောက် လုံခြုံမှုမရှိပါဘူး ၊ ခေတ်ပေါ် တေးဂီတသံတွေက အမေ့ရဲ့ ဆုံးမ စကားတွေလောက် မချိုသာဘူး၊ ကမ္ဘာကျော် ရုပ်ရှင်ကားတွေက အမေပြောပြတဲ့ အိပ်ယာဝင်ပုံပြင်တွေလောက် စိတ်ဝင်စားဖို့ မကောင်းဘူး ၊ အလင်းရောင်တွေ ဖြာကျနေတဲ့ နီယွန်းမီးရောင်တွေက တစ်ရေးနိုး သားသမီးတွေကို ထထကြည့်တတ်တဲ့ အမေ့ရဲ့ မီးအိမ်ငယ်လေးလောက် အလင်းရောင်မပေးစွမ်းနိုင်ပါဘူး အမေ ။ မိသားစု ကန်တော့တဲ့နေ့ မျိုးတွေဆို ကျနော် မပါလို့  အမေ ငိုတတ်တယ်တဲ့ ။ သိတယ် အမေ ကျနော် သိတာပေါ့ ကျနော့်ရဲ့ မဖြစ်စလောက် လုပ်အားခ ငွေစအချို့ က အမေ့အတွက် မလိုအပ်ဘူး မပြည့်စုံဘူးဆိုတာကိုပေါ့ သားဝတ္တရာ မကျေဘူးဆိုတာလည်း ကျနော် ကောင်းကောင်းကြီးသိတာပေါ့ ။

တစ်နေ့တော့ ထာဝရ အေးရိပ်လေး စမ်းရေလို မေတ္တာတရားတွေ ရှင်သန်စီးဆင်နေတဲ့ အမေ့ရဲ့ ရင်ခွင်ထဲကို ကျနော် ပြန်လာခဲ့ပါ့မယ် ပြီးတော့ ချွေးစက်တွေ စွန်းထင်းနေအုံးမယ့် အမေ့ရဲ့ ပါးပြင်ကို ကျနော် တ၀ကြီး နမ်းရှိုက်မယ် ။

မှတ်ချက်....ရေးဖူးပြီးသားကြီး အမေ့ကိုသတိရလို့ပြန်တင်လိုက်တာပါ မဖတ်ရသေးသူများအတွက် အသစ်ဖြစ်မယ်ထင်လို့ ကျေးဇူးပါ ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com8tag:blogger.com,1999:blog-8761051935949226451.post-55931678040652507022009-04-24T12:43:00.002+07:002009-04-24T16:51:57.865+07:00မြင်ဖူးချင်တဲ့ ၁၀ ယောက်အပျိုကြီး မိုးခါး က မြင်ဖူးချင်တဲ့ ၁၀ယောက် တဲ့ ကျနော်ကလည်းလူတစ်မျိုး စာကိုစာလိုပဲမဖတ်ပဲ စာကိုဖန်တီးတဲ့သူတွေကိုပါ လိုက်ပြီးပုံဖော်မြင်ယောင်ကြည့်တဲ့ အကျင့်ကပါနေတယ် ။မဲဆောက်က ဘလော့ဂါတစ်ချို့မြင်ဖူးတယ် အပြင်မှာပါ ခင်ချင်မိလို့အိမ်ပြန်တိုင်းတော့ နီးနီးနားနား ရန်ကုန်က ဘလော့ဂါသူငယ်ချင်းတွေဆီသွားလည်ဖြစ်တယ် ။ ဘလော့ဂါတွေက အပြင်မှာလည်းမစိမ်းပဲခင်ဖို့ကောင်းပါတယ် ။ နောက်ထပ်မြင်ဖူးချင်တဲ့သူတွေကတော့ခပ်များများ ၁၀ယောက်တောင်မကဘူး ။ခေါင်းစားစားနဲ့ပဲ ရွေးလိုက်တော့တယ် မြင်ဖူးချင်မိတဲ့ ၁၀ ယောက်ကတော့ ။

၁။ အစ်ကိုစေးထူး
သူ့ကိုမြင်ဖူးချင်ပါတယ် ကျနော့်အကြိုက်ဆုံး ဘလော့ဂါကို ရွေးပါဆိုရင် ကိုစေးထူး ပဲဖြစ်မှာပါ ။ဘက်မလိုက်ပဲ အစွန်းမရောက်ပဲ မျှတတဲ့စိတ်ထားရှိသူ လူကြီးလူကောင်ဆန်ဆန်နဲ့ ဘလော့ပေါ်က ပြဿနာတွေကိုဖြေရှင်းသွားတာက တကယ်ကိုလေးစားစရာပါ ။ဘလော့မရေးခင်တိတ်တိတ်လေးလည်နေတည်းက သူရေးတဲ့စာတွေအားလုံးနီးပါဖတ်ဖြစ်တယ် လူငယ်တစ်ဦးရဲ့မှတ်တမ်းမဲမှတ်တမ်း လို ထောင်တွင်းအတွေ့ကြုံတွေ ရသစာပေတွေအရေးကောင်းပြီး စာဖတ်သူတွေကို ဆွဲခေါ်သွားနိုင်တဲ့သူပါ ။ နိုင်ငံခြားသွားလျှင် ဆိုတဲ့ပို့စ်တွေတုန်းကလည်း ရေးခဲ့တဲ့ကော့မန့်လေး တစ်ခြားဘလော့ဂါတွေရဲ့ ကော့မန့်နဲ့အတူ ပြည်တွင်းက ဂျာနယ်တစ်စောင်မှာဖော်ပြခံရတုန်းကလည်း ကိုယ့်မှာ ဂုဏ်ယူမဆုံးဖြစ်ခဲ့ရတာ ။ တစ်နေ့ဘီယာတူတူတစ်ဝိုင်းထဲမသောက်ရဘူးလို့ဘယ်သူပြောမတုန်း :) ကျနော်ပုံဖော်ကြည့်မိတဲ့ ကိုစေးထူးရဲ့ ရုပ်က အသားညိုညို အရပ်မြင့်မြင့် မျက်မှန်နဲ့ ပိန်ပိန် (ဟုတ်လားမသိ )

၂။ မျှားပြာ
ဘလော့ပေါ်မှာ အရင်ဆုံးခင်တဲ့သူငယ်ချင်းပါ အဆက်သွယ်တွေပြတ် မတွေ့တာကြာပေမယ့် အမြဲတမ်းသူငယ်ချင်းမို့ တွေ့ဖူးချင်ပါတယ် ဂျစ်ကန်ကန်စရိုက် ဖြစ်သလိုနေတတ်ပြီး ကဗျာရေးကောင်းတဲ့ ငနာ့ကို တွေ့ရင် ဇက်ပိုး ၃ ချက်လောက်အုပ်ချင်ပါတယ် ။သူ့ပုံကိုတော့ မြင်ဖူးတယ် စုတ်ဖွားလေ ခေါင်းမဖြီးပဲ စတိုင် ထုတ်တတ်လို့ကျနော်က စုတ်ဖွားလို့ခေါ်တာ သူကတော့ ကျနော့်ကို ကြောင်ကလေး လို့ခေါ်တယ်။

၃။ ကျနော့်အစ်ကိုရွာသား
ဘာလို့လဲတော့မသိ အစ်ကိုရင်းလိုခင်မိတဲ့ အစ်ကိုရွာသားကိုမြင်တွေ့ဖူးချင်ပါတယ် စေ့စပ်တယ် သေချာတယ် စည်းကမ်းကြီးပြီး ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့သူမို့ မြင်ဖူးချင်တာပါ ။အစ်ကိုကတော့ ကတိမတည်ပဲ လေထဲပြော လေထဲပျောက်တတ်တဲ့ ကျနော့်ကိုတွေ့ချင်မှာမဟုတ်( တွေ့ရင်မုန့်ဖိုးတောင်းမယ်လို့ပြောထားဖူးလို့ဖြစ်မယ် ) ။ပုံဖော်ကြည့်မိတဲ့ အစ်ကို့ရဲ့ပုံက အသားမဲမဲ ဗိုက်ရွှဲရွှဲ နဖူးပြောင်ပြောင်နဲ့ စိတ်ပုတ်ပုတ် ဦးလေးကြီင်္းရုပ်မျိုးပါ :P ။

၎။ အစ်မတန်ခူး
ထင်မထားပဲ အစ်မရင်းတစ်ယောက်လိုကောင်းလွန်းလို့ မြင်ဖူးချင်တဲ့ ချစ်စရာမိသားစု ဘ၀လေးရယ် စာရေးကောင်းပြီးကြင်နာတတ်တယ် တစ်ခါမွေရပ်မြေအပြီးပြန်တော့မယ်ဆိုပြီး နှုတ်ဆက်ပို့စ်လေးတင်တုန်းက အစ်မရေးခဲ့တဲ့ ကော့မန့်လေးကို သူငယ်ချင်းတစ်ယောက်ကဖတ်ပြတော့အားငယ်နေတဲ့ အချိန် အားဖြစ်စေတဲ့စာကြောင်းကလေးတွေမို့တကယ်ကိုကျေးဇူးတင်မိပါတယ် ခုလည်းဘာလေးပဲဖြစ်ဖြစ် ဂရုတစိုက်နဲ့ မေးလ်ပို့ပို့လာတတ်တဲ့ အစ်မကိုတစ်နေ့တော့တွေ့ဖြစ်အောင်ကြိုးစားကြည့်အုံးမယ်း) ထမင်းကောင်းကောင်းချက်ကျွေးမယ်တဲ့ ။အစ်မက စိတ်လည်းလှတော့ လူလည်းလှမှာပါ ။

၅ ။ပလုတ်တုတ်
စကားပြောရင်တော့ သဲပြကဲပြတတ်ပေမယ့် အကြာကြီးနေမှတစ်ခါတွေ့တယ် တိတ်တိတ်လေးတော့ဂရုစိုက်သား တွေ့လို့ခေါ်ရင် မအားဘူးဆိုတဲ့ကောင်က ခင်လေးကိုတော့ဂရုစိုက်ပြနေတာ အဟွတ် မောင်ကလေ မောင်ကလေ နဲ့ မသာစုတ် ။သူ့နာမည် မောင်ခင်လေးက အဲ့ကတွင်တာပါ :P

၆။အန်ကယ်အောင်
ကဗျာရေးကောင်းပြီး ထင်မထားလောက်အောင် နုနုရွရွလေးတွေရေးတတ်တဲ့ အန်ကယ့်ကိုမြင်ဖူးချင်တယ် မဲဆောက်လာရင်လာတွေ့မယ်လို့တော့ပြောသား တွေ့ရင်တော့ အန်ကယ်က ဂစ်တာတီး တူမောင်က ညှောင်နာနာအသံနဲ့ “ အချစ်ရေ့ ကိုယ့်ကြောင့်လို့” ပုလိပ်ကြီးလာဖမ်းအောင် အော်ဆိုပစ်လိုက်မယ် ဘယ်လိုလဲ အန်ကယ် ကြာသလားလို့နော့် :) ။အန်ကယ်က လူချောကြည့်တာနဲ့သိတယ် ဟဲဟဲ ။

၇။ဝေလေး
အွန်လိုင်းပေါ်က တစ်ဦးတည်းသော ညီမ ပေါ့ သူ့ကိစ္စတွေလာလာတိုင်ပင် ပြီးရင်ဆုံးမသလိုမနေပဲ ခံစားတတ်ပြီးသနားစရာကောင်းတဲ့ စိတ်ကောင်းရှိတဲ့ ညီမဝေလေးကိုမြင်ဖူးချင်ပါတယ် တွေ့ရင် “ငါပြောသားပဲ နားမှမထောင်တာ” ဆိုပြီး နာရွတ်ဆွဲလိမ်ချင်ပါတယ် နာနာလေးပေါ့ ။အစ်ကို့ညီမဆိုတော့ ရုပ်ကတော့ပြောစရာမလိုပါဘူး ။

၈ ။ အမေစု
ဘာမှတော့မဟုတ်ပါဘူး တွေ့ရင် ဦးသုံးကြိမ်ချပြီး ရှစ်ခိုးချင်လို့ သူပေဆပ်တာတွေနဲ့တင် ရှစ်ခိုးချင်စိတ်ပေါက်လို့ပါ ။

၉။ ရွှေပြည်ကြီးက မာမီသန်း
တိုးတိုးလေးမေးမှာ နှစ်ကိုယ်ကြားလေး “ဘယ်တော့ကြွမှာလဲ ကိုယ့်တွင်းကိုယ်တူးထားရဲ့လား” အဲ့တာလေးမေးချင်တယ် ပြီးတော့ အသက်တွေလည်းမငယ်တော့ဘူးလို့ ဒီလောက်ပါပဲ ။

၁၀။ ရော်ဂျာဖက်ဒါရာ
ကျနော့်အကြိုက်ဆုံး ကမ္ဘာကျော်တင်းနစ်သမား ဖက်ဒါရာကိုအပြင်မှာမြင်ဖူးချင်ပါတယ် ပြီးတော့ သူ့လက်မှတ်ထိုးထားတဲ့ ဘတ်တန်တစ်ချောင်းလောက်လိုချင်တယ် ။

ကျနော်ခင်တဲ့ ဘလော့ပေါ်ကသူတွေလည်းအများကြီးပဲရှိပါသေးတယ် ကိုယ်ကအတင်းတွေ့ဖူးချင်နေရင် သူတို့နေရခက်နေအုံးမယ် ထည့်မရေးတော့ဘူးနော့် ။ တက်စ်ထားတဲ့သူတွေထဲကပဲ ကိုစေးထူး ၊ ကိုရွာသားလေ ၊ အန်ကယ်အောင် ၊ အစ်မတန်ခူး တို့ကိုလည်း ဘယ်သူတွေကို တွေ့ချင်လဲဆိုတာ သိချင်ပါသေးတယ် ။ ရေးပေးကြနော့် ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com14tag:blogger.com,1999:blog-8761051935949226451.post-71098337563337324782009-04-24T10:44:00.000+07:002009-04-24T10:46:20.382+07:00ကျနော်ပိုင်တဲ့ဂုဏ်ဒြပ်များပိုင်ဆိုင်မှုက အများသားရယ်
“ဟုတ်ကဲ့” လို့ပြောခဲ့တဲ့အကြိမ်ပေါင်းတစ်သောင်း
“မညာတတ်ပါဘူး” လို့ ပြောမိတဲ့အရေတွက်က လေကြီးမိုးကြီးနဲ့
“ဆောရီးပါ ” သုံးမိတာများလို့ မမှတ်မိတော့ဘူး
ဒီလိုပါပဲ ဘ၀ကိုပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းချင်တော့
ပေါ့ပေါ့လေးတွေးခဲ့မိတာ
ပေါ့ပျက်ပျက် လူတစ်ယောက်ဖြစ်သွားတယ်
real ဆိုတာတွေမဖြစ်နိုင်တော့
virtual တွေနဲ့ အိပ်မက်တွေ တည်ဆောက်ခဲ့တာ
အခုတော့ ကိုယ့်အိပ်မက် ကို ကိုယ်တိုင်ဖျက်စီးလို့
ငူငေါင်ငေါင်ကြီး ပြုံးနေမိတယ် :)
တန်ဖိုးထားရတဲ့ သစ်သီးတွေလည်းတစ်လုံးပြီးတစ်လုံးကြွေကျ
မကြွေခင်လေး
ကျနော့်အတွက်စကားလက်ဆောင်တော့ပါးခဲ့ကြတယ်

“လူညာ ”

“ ရှင်က အလကားလူပါ မုန်းတယ် ”

အိုကေ ဒီဂုဏ်ဒြပ်တွေအတွက် ရင်ထဲစွဲမြဲစွာသိမ်းထားပါ့မယ် ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com6tag:blogger.com,1999:blog-8761051935949226451.post-73466629883226520732009-04-22T14:56:00.002+07:002009-04-22T15:22:27.680+07:00အာမေဋိတ်များ
ဟယ် ဟား ဟင် ဟိုးး ဟိတ်
ဟင်း ဟူး
ဟဟား ဟားဟား ဟိဟိ ဟီးဟီး
ဟဲဟဲ ဟက်ဟက်
ဟယ်တော့ ဟောဗျာ
အဟမ်း အဟမ်း အဟွတ်အဟွတ်

အိုး အား အင့်
အော့ အယ် အားး
အမငီး အောက်မြက်လေး
အဲ့ အီး အု အော် အင်းး
အိုးမိုင်ဂေါ့ အိုးမြတ်စွာဘုရား

အာမေဋိတ်များ အံ့သြလို့ ရွတ်မိမယ် ပူလောင်လို့ လေပူတွေ မှုတ်ထုတ်မယ် နာကျင်လို့အော်ညည်းမယ် ပျော်ရွှင်လို့ အော်ဟစ်မယ် လောကဓံ လူသားမှန်ရင်တော့ အာမေဋိတ်တွေ ရွတ်မိမယ်ထင်ပါတယ် သင်ဟာ အာမေဋိတ်များနဲ့ကျွမ်းဝင်တဲ့ သူတစ်ယောက်ဆိုရင်တော့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုဖြတ်သန်းခဲ့ဖူးပြီဆိုတာ အသေချာပါပဲ အကယ်၍ အကျွမ်းမ၀င်သေးဘူးဆိုရင် အပြောင်းလဲများနဲ့ တွဲပါလာတတ်တဲ့ အာမေဋိတ်များကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါအုံး ။ ကျနော်တော့ ဟူးးးးးးးးးးးးးးးးးးး သက်ပြင်းမောတွေကို သာအကြိမ်ကြိမ်ချရင်း နွေနေပူမှာ ချောကလက်ရေခဲချောင်းတစ်ချောင်းကို အေးအေးဆေးဆေး စားရင်း ဒီစာကိုရေးနေမိတယ် ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com19tag:blogger.com,1999:blog-8761051935949226451.post-23687617876448733462009-04-21T22:08:00.004+07:002009-04-21T23:42:43.046+07:00လောကအလှပန်းကလေးများ
ပန်းဆိုတာ နုညံ့တဲ့အသွင်ကိုဆောင်တယ် ဆူးရှိပြီးလှသွေးကြွယ်နေတဲ့ပန်း ၊ ၀င့်ဝင့်ကြွားကြွားလေး မောကာပွင့်ဖူးနေတဲ့ ရာသီချိန်မှ ဖူးပွင့်တတ်တဲ့ ပိတ်တောက် ၊သဇင် ဘာပဲဖြစ်ဖြစ် ပန်းလို့ဆိုလိုက်တာနဲ့ ရင်ထဲအထိမွှေးပျံ့နုညံ့သွားတော့တာပါပဲ ။ ပန်းဆိုတာ သက်မဲ့အရာလေးတစ်ခုပေါ့ ကျနော်ကတော့ သက်ရှိပန်းကလေးအကြောင်း ပန်းကလေးနဲ့ တူတဲ့ သက်ရှိလေးတွေအကြောင်း ဖွင့်ဆိုချင်မိတယ် ။ကျနော်က ဟော့ဒီလောကကြီးမှာ မပါမပြီး ယနေ့ကမ္ဘာကြီးမှာ သူတို့မရှိလို့မဖြစ်လောက်အောင် အရေးပါ အရာရောက်နေတဲ့ အမျိုးသမီး တွေကို လှပပြီး တန်ဖိုးကြီးတဲ့ ပန်းကလေးတွေလို့တင်စားချင်ပါတယ် ကျနော်တန်ဖိုးထားတဲ့ ပန်းကလေးများအကြောင်း ။

ကြွေလွင်ခဲ့တဲ့ပန်းတစ်ပွင့်
ဒီပန်းလေးတစ်ပွင့်က မေတ္တာတရားတွေကြီးမာလွန်းတယ် ။မွေးထားတဲ့ သားသမီး ၁၃ ယောက် ကို ဟိတ်ဆိုတာနဲ့ သြဇာညောင်းတဲ့အထိ ဟော့ဒီပန်းက တောက်ပစွာနဲ့ ဖူးပွင့်ခဲ့တာ သူနဲ့ပက်သက်သမျှပန်းကလေးတွေကိုလည်း အရောင်သွေးစုံလှပပြီး အမြဲပျိုးထောင်နိုင်မယ့် ဥယျာဉ်မှူးတွေလက်ထဲကိုပဲ လွှဲပြောင်းပေးခဲ့တယ် ။ ကြွေလွင့်ခဲ့တဲ့ပန်းတစ်ပွင့် ဒီပန်းကလေးကတော့ကျနော့်ရဲ့အဖွားပါ ။ လိမ္မာတဲ့မြေးကို ဂရုစိုက်တယ် ဆိုးတဲ့မြေးကိုဆိုစိတ်ပူပြီး အချုပ်တွေ ရုံးတွေထိ ကိုယ်တိုင်လိုက်ခဲ့တဲ့ အဖွားကတော့ မြေးယောက်ျားလေးများစွာရဲ့ အချစ်တော်ပေါ့ ။ အမေရိုက်ရင် အဖွားနဲ့လာတိုင်တယ် အဖေက ထုရင် အဖွားဆီပြေးတယ် အဖွားအသံကြားတာနဲ့ ကျားကြီးတွေလည်း ယုန်သူငယ်လေးတွေဖြစ်သွားရတာ တွေးကြည့်တော့ ရယ်ချင်စရာ ညညအိပ်ရင် အဖွားဘေးနားတိုးတဲ့သူတွေက အလုအယက် ။ကုတင်းအောက် ၀င်အိပ်တဲ့သူရှိတယ် အဖွားဘုရားစာတိုင်ပေးနောက်က လိုက်ဆိုခဲ့ရတဲ့နေရက်တွေ လက်လှမ်းမှီရာ မြေးတွေခေါင်းကို မအိပ်ချင် တချိန်လုံးပွတ်သပ်နေတတ်တဲ့အဖွားက ကြွေချိန်ရောက်တော့ ကြွေခဲ့ရတဲ့ ပန်းကလေးတစ်ပွင့်ပါပဲ ။

နာသုံးနာနဲ့ ပန်းတစ်ပွင့်
နာသုံးနာဆိုတာနဲ့ မီးအိမ်ရှင်လို့ ဆိုလို့ရတဲ့ ဆရာမအကြောင်းပေါ့ ။ ခြစားနေတဲ့ ခေတ်ဆိုးကြီးထဲမှာ ကျောင်းဆရာမ လစာလေးနဲ့ လောက်အောင်စား သိက္ခာရှိရှိနဲ့ နေလာခဲ့တဲ့ ဆယ်တန်းတုန်းက ကျနော့်ရဲ့ အတန်းပိုင်ဆရာမ ။ အိမ်ချင်းက မနီးမဝေး မုဆိုးမ ခလေးတစ်ယောက်အမေမို့ ဆရာမကို သနား လေးစား ချစ်ခင်မိတယ် ။ အိမ်ပိုင်မရှိတော့ ပြောင်းလိုက်ရတဲ့ အခါပေါင်းကလည်း မရေမတွက်နိုင် အဲ့လိုအချိန်တွေဆိုရင်တော့ ရှိသမျှအလုပ်တွေပစ်ပြီး ဆရာမအိမ်သွားဝိုင်းပြောင်းပေးတယ် သနားသလို ဆရာမကို စိုက်ကြည့်မိပေမယ့် သူကတော့ဘယ်တော့မှ အားမာန်မလျှော့ပဲ တက်ကြွးနေတတ်တာ ။ သားလိုဖြစ်နေတဲ့ကျနော့်ကို ကျူရှင်လခမယူ ည ဆို တစ်ခြားကျောင်းသား ၂ ယောက်လောက်နဲ့ အဖော်ပြုပြီး ဆရာမ အိမ်မှာ သွားစောင့်အိပ်ပြီး စာတွေကျက်ခဲ့ကြတဲ့နေ့ရက်တွေက တကယ့်ကိုပျော်ရွှင်စရာ ။ ပြန်ဖြစ်တိုင်းဆရာမ ဆီသွားသွားကန်တော့ခဲ့တယ် ကိုယ်ကတော့ လက်ဗလာကြီင်္းနဲ့သွားရင်မျက်နှာငယ်စရာလိုထင်ပေမယ့် ရောက်သွားရင် ပျော်နေတတ်တဲ့ ဆရာမက ဘာမှမပါလည်း လာခဲ့ပါတဲ့ နှစ်တော်တော်ကြာ ကျောင်းဆရာမ အလုပ်လေးနဲ့ ပျော်မွေ့နေခဲ့တဲ့ ဆရာမက မြေဖြူမှုန်တွေလည်ချောင်းထဲဝင်ပါများတော့ အသံတွေပျက်ပြီး အက်ခိုးသံတွေပေါက်လာတာ စိတ်မကောင်းစရာ ။ ဆရာမတွေ့တိုင်းပြောတဲ့စကားလေးက အရင်ကကျောင်းသားတွေကိုစာသင်ရတာပျော်တယ်တဲ့ ။လင်းလက်နေအုံးမယ့် ပန်းလေးတစ်ပွင့်။

အဖြူရောင်နှင်းပန်းလေး
ဒီပန်းကလေးကို ကျနော်ကသိပ်ချစ်တာ ပါးကလေးကဖောင်းဖောင်း မျက်လုံးပေါက်ကျဉ်းကျဉ်းလေးတွေနဲ့ ကျနော့်ရဲ့ တူမလေး (ဒီက အစ်မ ရဲ့ ဒုတိယမြောက်သမီး) ရောက်သွားတာနဲ့ ဦးသားလေး ဦးသားလေးနဲ့ ပေါင်ပေါ်က မဆင်းပဲ ချွဲနွဲတတ်တဲ့ ငချွဲမလေးကို ကျနော်က အညာသားသမီးလို့ ဂျစ်ကန်ကန်ခေါ်တယ် ။တောမှာပဲနေရပေမယ့် ညဏ်ရည်ကောင်းပြီး လိမ္မာသိတတ်တဲ့ သူလေးမို့ တစ်ခြားတူ/တူမလေးတွေထပ်ပိုချစ်မိတယ် အစ်မကြောင့်လည်းပါမယ် ။ အိပ်ခါနီးခေါင်းသန်းရှာခံရတာ ကြိုက်တဲ့ကျနော်က ခုသန်းမရှိတော့ပေမယ့် “အငယ်လေးရေ့ ဦးကို ဆံပင်ဖြူနှုတ်ပေးပါအုံး” လို့ဆိုရင် ခေါင်းတွေ ကြိမ်းတဲ့အထိ ဆံပင်တွေစွဲစွဲနှုတ်တတ်တဲ့ တူမလေးကို သတိရမိတယ် ။ ဒီပန်းလေးကတော့ ဖူးပွင့်လာအုံးမယ့် ကျနော့်ရဲ့ အဖြူရောင်နှင်းပန်းလေးတစ်ပွင့် ။

ပြတိုက်ထဲက ရင်တွင်းပန်း
ဒီပန်းကလေးကိုတော့ ခဏတာပဲပိုင်ဆိုင်ခွင့် မြတ်နိုးခွင့်ရခဲ့တာ ရင်ခွင်ထဲ သိမ်းထားလိုက်ချင်ပေမယ့် ပန်းကလေးက တန်ဖိုးကြီးလွန်းလို့ ကိုယ့်ကိုယ်ကိုတောင် သိမ်ငယ်စွာနဲ့ အလိုက်တသိနောက်ဆုတ်ခဲ့ရတာ တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် နမ်းရှိုက်ခွင့်ရခဲ့ရင် ဘ၀က နေပျော်စရာများကောင်းလာမလားလို့ ။
လွမ်းတယ်ပန်းကလေးရယ် မထိရက်မတို့ရက် မြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့ ပန်းကလေးက ပြတိုက်ထဲမှာ ထည့်သိမ်းထားတဲ့ တန်ဖိုးင်္ကြီးပန်းတစ်ပွင့်မို့ အလွမ်းပြေ မှန်းဆကြည့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့တာ ပန်းကလေးရေ့ မင်းအကြောင်းပြောရင် ကို မျက်ရည်ဝဲတယ် ။

အလှပကို ခံစားနိုင်ဖို့ လောကကြီးကိုအလှဆင်ဖို့ သားကောင်းမိခင်တွေကိုမွေးဖွားဖို့ တပည့်ကောင်းတွေကို ပြုစုပျိုးထောင်ဖို့ အချစ်တွေကိုဖြစ်ပေါ်စေဖို့ ပန်းကလေးတွေနဲ့ တူတဲ့ မိန်းခလေးတွေဟာ တကယ်တော့ အဖိုးထိုက်တဲ့ ရတနာလေးတွေပဲ ။ ဟော့ဒီလောကကြီးမှာ ရှိတဲ့ အမျိုးသမီးတွေ အားလုံးလောကရဲ့ အလှရတနာလေးတွေပါပဲ ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com19tag:blogger.com,1999:blog-8761051935949226451.post-17930793504421687902009-04-20T18:24:00.004+07:002009-04-20T18:40:32.776+07:00ဦးဇင်းမောင်မျိုး နှင့် ပျောက်ရခြင်းအကြောင်းသင်္ကြန်မတိုင်ခင် ကျနော် ပျောက်သွားတော့ တစ်ချို့က သင်္ကြန်ရက်အတွင်း သွားကဲတယ်ထင်နေကြတာ မဟုတ်ပါဘူးး) လူ့ဘောင်ကိုစိတ်ကုန်လို့ သာသနာ့ဘောင်မှာ ခဏသွားနေလိုက်တာ ။ လူလည်း ဒေါသတွေမောဟတွေတော်တော်များလို့ထင်တယ် အမြဲလိုလိုစိတ်ညစ်စရာတွေဝင်ဝင်လာတတ်တယ် ဒါကြောင့်ကုသိုလ်လေးရအောင် သင်္ကြန်မတိုင်ခင် ၆ ရက်နဲ့ သင်္ကြန်ရက်အတွင်း ပေါင်း ၁၁ရက် မြ၀တီမြို့အထွက်နားမှာ ရှိတဲ့ ငွေဟသာင်္ဆိုတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီးသွားဝတ်ဖြစ်တယ် ။ မြ၀တီရုံးခွဲက ဦးစီးမှူးက ဒကာခံတာပါ ။ မြို့အထွက်ဆိုတော့ ကားသံတွေကင်း လူနေအိမ်နည်းနဲ့ အေးအေးချမ်းချမ်းလေးပါပဲ ။ သင်္ကြန်တွင်းမှတရားထိုင်ရမယ်ဆိုတော့ သင်္ကြန်မတိုင်ခင်တော့လား အားရိုးရိုး မြေကြီးသယ် အုတ်သယ်နဲ့ ကိုယ့်ရဲ့ ပိန်ညှောင်ညှောင် လက်မောင်းသားလေးတွေတောင်တော်တော်ထွက်လာတယ် ။ဘုန်းကြီးကျောင်းမှာ တွင်သွားတဲ့ နာမည်က ဦးဇင်းအာနိုး တဲ့ ။

မနက်ဆွမ်းကျ အစောကြီးမစားတတ်တော့ ထမစားဖြစ်ဘူး နေ့ဆွမ်းကျတော့ အပီကိုတီးပစ်လိုက်တာ ၃ ပန်ကန် ။ ပြီးတော့ ဓမ္မရုံဆောက်တဲ့ဆီမှာ လုပ်အားပေး ဘီလပ်မြေသယ်ရတယ် ကုသိုလ်လိုချင်လို့ လာဝတ်တာဆိုတော့လည်း ချောင်မခိုချင်ပဲ လုပ်လိုက်တာလက်တွေလည်းပြဲ ညကျတော့ကိုယ်လက်တွေနာပြီးတစ်ရက်ဖျားလိုက်သေးတယ် ။ ဘယ်လိုမှမလုပ်နိုင်တဲ့နေ့တွေဆိုရင်တော့ ကျောင်းက ကိုရင်လေးနဲ့ ကျောင်းဝန်းထဲက ပန်းပင်တွေရေလောင်းပါတယ် ။

သင်္ကြန်ရက်အတွင်းတော့ ရဟန်းတွေ အားလုံးကို ဆရာတော်က ဘာမှပေးမလုပ်တော့ပဲ တစ်နေ့တရား၃ကြိမ်ထိုင် ပြီးတော့ တရားနာခိုင်းပါတယ် ။သင်္ကြန်ရက်အတွင်း မြို့ထဲက အလှူရှင်တွေ ဆွမ်းလာကပ် အချိုရည်လာကပ်နဲ့ တောကျောင်းပေမယ့် ဆွမ်းကတော့ ဒုက္ခမရောက်ပါဘူး ။ အဲ့ ....ပြဿနာက ညညဗိုက်ဆာပါတယ်း( အရမ်းကိုဆာတာ လူဝတ်နဲ့တုန်းက တစပ်မှအငြိမ်မနေတဲ့ ပါစပ်က ဆန္ဒပြပါတယ် ။ ဗိုက်တွေဆာလိုက်တာဗျာ အဲ့တာနဲ့ပဲ လက်ဖက်သုတ်လေး ၅ ဇွန်းလောက် လိမ္မော်ရည်လေး၂ပုလင်းလောက် တီးပစ်လိုက်တယ် ဦးဇင်းက ဆာလို့မဟုတ်ပါဘူး ကိုယ်ထဲမှာရှိတဲ့ပိုးမွှားလေးတွေကတောင်းဆိုလို့ စားပေးရတာ မစားရင် ကိုယ်ပဲ ငရဲကြီးတာမို့ ဟီးဟီး ။

တောင်ပေါ်ဘုရားကျောင်းမှာ မြို့ပြမှာမရနိုင်တဲ့ ရှင်းသန့်တဲ့လေနဲ့ ပြာလွင့်လွင့်ကောင်းကင်းကြီးကို မြင်တော့ စာရေးချင်စိတ်တွေတောင်ဖြစ်လာမိတယ် ။ အဲ့တာနဲ့ပဲ ညနေပိုင်းလမ်းလျှောက်နေရင် အတွေးထဲဝင်လာတဲ့ ကဗျာလိုလို စာလေးတစ်ပုဒ်ကောက်စပ်လိုက်တယ်

“မှိုင်းပြ မှုန်ရည် မြူနှင်းဝေလီ
ကံကော် ထိန်ပိန်း ငုဝါလမ်းမှာ
စိမ်းမြသာယာ ငြိမ်းချမ်းစွာ
ကျောင်းနှင့်စေတီ ဖူးတွေ့မည်
ရှင်းသန့်ကြည်လင် လေပြေအေးနဲ့
ရှု့ပါ မှတ်ပါ တရားဘာဝနာ
စိတ်ငြိမ်းချမ်းသာ ငွေင်္ဟသာမှာ
နိဗ်ဗာန်ရောက်ကြောင်း မျက်မှောက်ပြုကြပါ ”

ဘာပဲဖြစ်ဖြစ် ၁၁ ရက်တည်းဝတ်ဖြစ်တယ်ဆိုပေမယ့် တကယ့်စိတ်အေးချမ်းမှုလေးကို ခဏပိုင်ဆိုင်လိုက်ရတဲ့အတွက် ကျေနပ်ပါတယ် ။ခုလောလောဆယ်တော့ ကတုံးကြီးနဲ့မို့ နေရခက်နေတယ် ။ ကျနော်ပြုသမျှ ဒါနကုသိုလ် ကာယကုသိုလ် အားလုံးကို ကျနော်ချစ်တဲ့ ဘလော့ဂါ ညီအစ်ကိုမောင်နှမတွေ အားလုံးကို အမျှဝေပါတယ်ခင်ဗျား အမျှ . အမျှ .အမျှ အားလုံးပဲ သာဓုခေါ်ကြပါ ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com42tag:blogger.com,1999:blog-8761051935949226451.post-11086241143047391692009-04-20T09:21:00.000+07:002009-04-20T09:22:07.087+07:00လူငယ်တစ်ဦးနှင့်ထောင်လူငယ်တစ်ယောက်ရဲ့ ပေးဆပ်လိုက်ရတဲ့ ဘ၀နေ့ရက်တွေ ခံပြင်းစရာကောင်းတဲ့ ထောင်တွင်းအတွေ့ကြုံတွေနဲ့ သေမင်းရဲ့ မျက်ခုံးမွှေးပေါ် လမ်းလျှောက်နေရသလို အရာရာဟာလည်း ကြောက်မက် ဖွယ် ကောင်းလွန်းစွာ ။ ကျနော် လူတစ်ယောက်ရဲ့ ခံစားချက်တွေကို ဂရုတစိုက် နားထောင်ပေးခဲ့ဖူးတယ် ပြောနေတဲ့ သူ့အသံတွေမှာ အက်သံတွေပါနေတယ် ပြီးတော့ သူပြောတာတွေကို သူ့မျက်လုံးတွေကတဆင့် အမှန်တွေပါလို့ ကျနော် ယုံကြည်နေမိတယ် ။ ထောင်တဲ့ သူကပြောတယ် “ထောင်ဆိုရင် နောင်ကျဉ်ပါ့မယ် ” တဲ့ သန်သန်မာမာနဲ့ ယောက်ျားရင့်မာကြီးတစ်ယောက်က ထောင်အကြောင်းပြောရင်း သူ့မျက်ဝန်းတွေက စိုးထိတ်နေတာ ဒါဆို ထောင်ဆိုတာ ငရဲပြည်နဲ့ သိပ်မခြားတော့ဘူးပေါ့ ။

သူ့နာမည် (.....) အသက်ကလေးက ၂၀ ကျော်စ မိသားစု ၁၃ ယောက်မှာ သူက ၉ယောက်မြောက်သား ဆေးလိပ်မသောက် ကွမ်းမစားနဲ့ သူက လူတော်လေးတစ်ယောက်ပေါ့ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါလောက်တုန်းကတော့ ငွေ ၁၀ သိန်းဆိုတာ တော်တော်လေးကို အဆင်ပြေတဲ့ အနေထားပါ သူ မဲဆောက်ခေတ်ကောင်းတဲ့ အချိန်မှာ အလုပ်လုပ်လို့ အဆင်ပြေတဲ့အချိန် ဇာတိမြို့ကလေးမှာ ပြန်လုပ်ကိုင်စားသောက်ဖို့ ဆုံးဖြတ်လိုက်တယ် ။ မိဘကို ငွေတိုးလေးပေးစားဖို့ အရင်းနှီးတချို့ ပြီးတော့ ဆိုက္ကားကလေး ၃ စီး သူက တစ်စီးနင်းတယ် နှစ်စီးကိုတော့ နေ့ပေးနဲ့ ပြန်ငှားထားတယ် ။ သူ့မှာ ရည်ရွယ်ချက်တွေက တောင်လိုပုံလို့ သာယာတဲ့ မိသားစုဘ၀လေးကို တည်ထောင်မယ် ညီ/ညီမတွေကို ပညာတတ်တွေဖြစ်အောင် သူပြုစုပျိုးထောင်အုံးမယ် ။ ဒါပေမယ့် ကံကြမ္မာဆိုတာက ကြိုပြီးမြင်နိုင်တဲ့ အရာမှမဟုတ်တာပဲ သူ့ဘ၀တစ်ခုလုံးကို ဇောက်ထိုးဖြစ်သွားလောက်အောင် အလှည့်ပြောင်းတစ်ခုက အချက်မပေးပဲ ဆိုက်ဆိုက်မြိုက်မြိုက် ဒါက ၀ဋ်ဆိုရင်တော့ သူပေးဆပ်လိုက်ရတဲ့ တန်ကြေးကတော့ ဆိုးလွန်းပါတယ် ။

အဲ့နေ့ညနေခင်း သူပုံမှန်စိုက်ကားနင်းနေတုန်းပါပဲ အိမ်ပြန်နားဖို့ ပြန်လာတဲ့အခိုက် လူ ၂ ဦး သူ့ဆိုက္ကားကို ပစ္စည်းပို့ပေးဖို့ ပြောတယ် ။ ပစ္စည်းက မြက်ခြင်းနှစ်ခြင်းပါ မြို့ထွက်နားက မြင်းခြံကိုပို့ပေးဖို့နဲ့ သူ့ကို ဆိုက္ကားခ ပေးပြီး ထိုလူနှစ်ယောက် ပြန်ထွက်သွားတယ် ။ သူလည်းသွားပို့ဖို့ နင်းသွားတုန်း လမ်းစုံတစ်ခုမှာရဲတွေ ရပ်ကွက်ရုံးက လူကြီးတွေ သူ့ကိုဝိုင်းလိုက်တယ် ဘာဖြစ်တာပါလိမ့် အလန့်တကြား ရာဇ၀တ်သားလို အ၀ိုင်းခံရလောက်အောင်လည်း သူက ဘယ်သူနဲ့မှ ရန်ဖြစ်ဖူးသေးတာမဟုတ် ။ သတင်းအရ ရှာစရာ ရှိတယ်တဲ့ .. အင်း ရှာပေါ့ သူ့မှာရှိတာဆိုလို့ အိတ်ကပ်ထဲက ငွေလေးထောင်နီးပါရယ် ပို့ခိုင်းတဲ့ မြက်ခြင်းနှစ်ခြင်း ဒါပဲလေ ။ ရဲနှစ်ဦင်္း သူ့ဆိုက္ကားပေါ်ကမြက်ခြင်းတွေကိုလမ်းပေါ်မှာသွန်ချလိုက်တယ် ပြီးတော့ခြေတောင်တွေနဲ့ ထိုးမွှလိုက်တာ သတင်းစာနဲ့ပတ်ထားတဲ့ အပင်တစ်ချို့ ဘာတွေပါလိမ့် ဒါသူပထမဆုံးအကြိမ် ဒီအပင်မျိုးမြင်ဖူးခြင်းပဲ ခေါင်းဆောင်လို့ထင်ရတဲ့တစ်ယောက်ကို ပြပြီးတဲ့ အခိုက်တော့ ရှာဖွေတဲ့ ရဲနှစ်ယောက်က သူ့ကိုလက်ထိပ်ခတ်လျှက်သားဖြစ်သွားပြီး ဘာကြောင့်လဲ ဘာလို့လဲ ဘာတွေဖြစ်ကုန်တာလဲ ဘာဆိုဘာမှမသိရပါပဲ အချုပ်ဆိုတဲ့ ထောင်အသေးစားလေးတစ်ခုထဲ သူရောက်ခဲ့ပြီး ။

ငိုနေတဲ့ မိခင်ရဲ့ မျက်နှာကိုကြည့်ပြီး သူမလုပ်ဖူးဆိုတဲ့အကြောင်းနဲ့ စိတ်မပူနဲ့ဆိုတဲ့အကြောင်း ပြန်အားပေးမိတယ် ။ သူ့မိခင်ပြန်ပြောတဲ့ စကားက “ ဒီဆေးခြောက်လက်ဝယ်တွေ့ရှိမှုက နှစ်ရှည်ထောင်ကျနိုင်တယ် ” တဲ့ ဟင်း ဆေးခြောက်တဲ့ သူမှမသိတာ သူနဲ့မှမဆိုင်တာ မြက်ခြင်းပို့ခိုင်းလို့သူပို့တာပဲလေ ဒါပေမယ့် အမှန်တရားဆိုတာဟာလည်း တစ်ခါခါတော့ မသိဟန်ဆောင်တတ်မှန် သူကောင်းကောင်းသိလိုက်ရပြီး ။သူ့ရဲ့ ရိုးသားမှုကို ယုံကြည်တဲ့ မိဘတွေကြောင့် မြန်မာပြည်ရဲ့အရိုးစွဲနေတဲ့ ဆိုရိုးစကားလို “ငွေများတရားနိုင်” လက်လုပ်လက်စား သူတို့တွေ မရှိမယ့် ရှိမယ့်လေးနဲ့ ငွေလမ်းခင်ခဲ့ကြတယ် ။ ကျောက်တောင်ကို ဘဲဥနဲ့ပေါက်သလိုသူတို့အဖြစ်က တကယ့်ကိုရယ်စရာပါပဲ ဘာတစ်ခုမှ ရေရေရာရာ အထောက်ပံမဖြစ်ခဲ့ဘူး မိဘတွေပိုင်တဲ့ ခြံတစ်ဝက်နဲ့ သူ့အမေရဲ့ ရွှေလေးတွေတောင် ငွေခင်းလမ်းထဲ ထည့်ကြိတ်ခံလိုက်ရပြီး တော်ပါတော့................သူ့ဘ၀က ဆုံးဖို့ပဲဖြစ်လာပြီ သူ့ကိုယ်သူ သေသူလို့ပဲ သဘောထားလိုက်မိတော့တယ် ။

အမိန့်ချမယ့်နေ့ မမှားသောရှေ့နေဆိုသလို ငြင်းပိုင်ခွင့်မရှိတဲ့ ဥပဒေမှာ သူကကြောင်ပိတ်မိသွားတဲ့ တိရိစ္ဆာန်တစ်ကောင်လို ။ စာရွက်အပိုင်းစတစ်ချို့ပေါ်က အမိန့်ဆိုတဲ့ ခပ်ပြင်းပြင်းအသံကြားမှာ ၁၉(က) လို့ခေါ်တဲ့ ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် အနှစ်(၂၀) တဲ့။ လက်ချိုး ခြေချိုးရေတွက်ရင် ဘာမှမဟုတ်တဲ့ ၂၀ ဆိုတဲ့အရေတွက်လေးက သူရဲ့ အသက်၂၀ကျော် လူငယ်တစ်ယောက်ကို ၄၀ ကျော်လူကြီးပိုင်းအဖြစ်ဖြတ်သန်းသွားဖို့ကိုတော့ ထောင်ဆိုတဲ့ ငရဲခန်းမှာ ကုန်ဆုံးရတော့မှာပေါ့ ဆို့နင့်နေလွန်းလို့ အံ့သြလွန်းလို့ ခံပြင်းလွန်းလို့ သူ့မျက်လုံးတွေ မီးတောက်လို နီရဲနေပြီး လည်ပင်းထဲကို သံချောင်းထိုးထည့်ခံရသလို နာကျင်နေလိုက်ပုံများ မေ့မြောသွားတဲ့ မိခင်ကိုတောင် မကန်တော့မိတော့ဘူး စွပ်စွဲခံရတာပါ ချောက်တွန်းခံရတာပါလို့ သူ့လည်ချောင်းကြီး ကွဲထွက်သွားအောင် အော်ပစ်လိုက်ချင်မိတယ် ။ ဟုတ်ကဲ့....အဲ့ဒီထောင် လူတွေကိုဖမ်းချုပ်ထားတဲ့လို့ ဆိုဖွယ်တောင်မကောင်းတဲ့ တိရိစ္ဆာန်တွေကို သံတိုင်းတွေနောက်မှာ နံရံတွေကြားမှာ ထည့်လှောင်ထားတဲ့ ငရဲခန်း ။ထောင်ဆိုတဲ့ နှုတ်ခမ်းဝကို စနင်းမိတဲ့ နေ့က သူ့မျက်နှာကို ခပ်ပြင်းပြင်းလက်သီးချက်တွေ ၀ဲပျံလာတဲ့ ခြေဖျားတွေကြားမှာ အမြည်းအနေနဲ့ ခံလိုက်ရတယ် အဲ့တာထောင်က ကြိုဆိုတဲ့ ပုံစံ ဆိုတဲ့ ထောင်နိဒါန်းပါပဲ ။

ဆက်ပါအုံးမည် ဖြစ်ရပ်မှန်အကြောင်းရာလေးပါ ကျနော်ရေးတာတွေ ကျန်ခဲ့တဲ့ အကြောင်းရာတွေရှိပါသေးတယ် ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com16tag:blogger.com,1999:blog-8761051935949226451.post-63301190998400443012009-04-14T09:55:00.000+07:002009-04-14T09:55:00.570+07:00နှစ်သစ်ဝေး...သင်္ကြန်ကျပြီးး
ရေနွေးပူနဲ့လောင်းတယ် အယ်လေ ရေခဲရေနဲ့လောင်းတယ် ။
ပိုက်စုတ်ကလေးနဲ့ ပက်တယ်း)
အားလုံးပဲ ပျော်ရွှင်စရာ မြန်မာ နှစ်သစ်ကူးလေးဖြစ်ပါစေဗျာ ။ နှစ်သစ်မှာ ရေလိုအေးမြနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ။

ကျနော် ပျောက်လိုက်အုံးမယ် အားလုံးပဲ ပျော်ရွှင်အဆင်ပြေကြပါစေ ။

ခင်မင်လျှက်
မောင်မျိုး

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com20tag:blogger.com,1999:blog-8761051935949226451.post-55033240881591528692009-04-06T11:01:00.006+07:002009-04-06T16:36:16.390+07:00သင်္ကြန်အမှတ်တရ
( ImageFrom Teenee.com)

“ခွက်စုတ်လေးနဲ့ ပတ်တာလောက်တော့ ရယ်တာပေါ့ ရယ်တားပေါ့ ”
“အပျိုပိန်ပိန် ရေတွေစိမ်ဟေ့ အီကြာကွေးတဲ့ ”
“အမေ့ချွေးမ ပျောက်လို့ရှာ တွေ့ပြီးတွေ့ပြီး သူပဲသူပဲ ”

ဒီလိုမျိုးကျနော်တို့နယ်ဘက်မှာတော့ သင်္ကြန်က တစ်မျိုးတစ်ဖုံ ။ မြို့ကျဉ်းကျဉ်းလည်စရာနေရာကရှားပေမယ့် နှစ်စဉ်တော့ သူ့ဟာနဲ့သူစည်ကားပါတယ် နွေပိုင်းရေရှားတဲ့နေရာတွေဆို ရေ၀ယ် စက်ဘီး ထော်လာဂျီ လှည်းတွေနဲ့ လည်ကြ ။ ကျနော့်အတွက် သင်္ကြန် အမှတ်တရကသိပ်မရှိပါဘူး သူငယ်ချင်းရှားပါတဲ့ ကျနော့်အဖို့ လူများများကြားထဲမတိုးတဲ့ ကျနော့်အတွက်တော့ သင်္ကြန်က တိတ်တိတ်ပုန်းချစ်သူပေါ့ ။ ပြီးတော့ သင်္ကြန်လို ပွဲတော်ရက်ဆိုရင် စီးပွားရေးကခိုင်တယ်း) (ပိုက်ပိုက်ခိုးတာကိုပြောတာပါ ) အစ်မရဲ့ စားသောက်ဆိုင်လေးက ဒီလိုပွဲတော်ရက်ဆိုရင်တော့ တိုးမပေါက်အောင်ရောင်းရတယ် ပိုင်ရာဆိုင်ရာတွေကိုတော့ တင်မြှောက်ရတာပေါ့ မဟုတ်ရင် သူတို့ကကိုင်မှာ ။

သင်္ကြန်အမှတ်ရဆိုရင် အကြိုနေ့တည်းကနေ နှစ်ဆန်းတစ်ရက်နေ့ထိ နေ့တိုင်းကျွေးတဲ့ အိမ်နားက စတုဒီသာ ကိုလွမ်းပါတယ် မနက်အိပ်ယာထတာနဲ့ မျက်နှာသစ်ပြီး စနွန်းမှုန့်များများနဲ့ ပြုတ်ထားတဲ့ ငါးဆန်ပြုတ်ပူပူလေး အရမ်းကိုအရသာရှိတာပဲ နောက်တစ်နေ့ မုန့်လုံးရေပေါ် မုန့်လက်ဆောင်း ဒါကတော့ ကျနော့်အတွက် ငတ်ကြီးကျတဲ့ အမှတ်တရ ။ ရေပက်ခံထွက်ဖို့တော့ အစီစဉ်မရှိပါ အကြောင်းက တစ်မြို့လုံးအနှံ့လည်လည်း ကိုယ့်ကို ရေတစ်ခွက်မစိုဘူး ဂလောက်ထိ ရုပ်ကသန့်တာ ရပ်ကွက်က ခလေးတွေပြောတာကတော့ “ အစ်ကိုကလည်း အခုက မီးခိုးထွက်မှရေစိုတယ် မီးခိုးမထွက်ရင်တော့ခြေတောက်ပဲနာတယ်” တဲ့ ဘာလဲ မီးခိုးထွက်တာဆိုတော့ဆိုင်ကယ်နဲ့လည်တာကိုပြောတာ ။

ရေပက်ခံမထွက်ဖြစ်တော့ ရေပက်ပါတယ် ၁၀၀ ပေး တစ်နေ့လုံးအကြိုက်ပတ်လို့ရတဲ့နေရာ ။ ကွင်းရွာတွေဘက်က တက်လာတဲ့ လှည်းတွေမြို့ထဲကနေ တောင်စွန်း ဘီးလင်းဘက် သွားတဲ့ ကား၊ ဆိုင်ကယ်တွေကို လက်ပြုတ်မတက် ပတ်တယ် နောက်နေ့အိပ်ယာထရင်တော့ လက်က လှုပ်လို့တောင်မရ သူများကိုမကောင်းကြံတာ ။ ညပိုင်းဆိုရင်တော့ မယက ကဦးစီးတဲ့ မြို့တော်ဝန်ဖလား အကပြိုင်ပွဲတွေ မြို့ပေါ်ရပ်ကွက် (၇) ရပ်ကွက် ကကြတဲ့ ပွဲတော် ။ သိပ်ထူးထူးခြားခြားတော့မရှိပါဘူး အတတ်နေ့ နဲ့ နှစ်ဆန်းတစ်ရက်နေ့ပဲ ကျနော်တို့ မြို့မှာစည်တယ် ။ အတတ်နေ့ဆိုရင်တော့ ကေလာသဘုရား( ကျိုက်ထီးရိုးဘုရားကိုတည်ခဲ့တာက ညီတော်ရသေ့ ၊ကေလာသဘုရားကိုတည်ခဲ့တာ နောင်တော်ရသေ့ ဒီဘုရားရဲ့ ထူးခြားမှုက ဓာတ်ပုံရိုက်လို့မရပါဘူး ရိုက်လိုက်တိုင်း အဖြူကြီးပဲထွက်တယ် ဘာမှမပေါ်)ကို မြို့လုံးကျွတ် လှည်းတွေ ကားတွေနဲ့တက်ကြတာ တိုးမပေါက်အောင်ပဲ ။ လှည်းအစီးရေဆို တစ်နှစ်ကို ၁ ထောင်ကျော်တယ် ။ နှစ်ဆန်းတစ်ရက်နေ့ဆိုရင်တော့ ကျိုက်ပေါလော ဘုရားမှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့လုံးကျွတ်ကျင်းပကြတယ် ။

မနှစ်က ထိုင်းသင်္ကြန် မပြန်ဖြစ်ဘူး ( OK...na Ka )နဲ့ပဲ ကမြင်းလိုက်တော့တယ်း) ဘယ်သူမှမရှိတော့ အိမ်က အစ်မကြီးတွေ ခလေးတွေနဲ့ ရေပက်၊ ပြီးတော့ ပေါင်ဒါကိုရေဖျော်ပြီး မျက်နှာကိုလိမ်း တစ်ချို့ကတော့ ဆန်မုန့်တွေရေဖျော်ပြီး သုတ်တယ် ။သင်္ကြန်အမှတ်တရ သိပ်မရှိပါဘူး အိပ်လို့ကောင်းတာပဲ သိတယ် ပြီးတော့ သူများတွေ ရေပက်ကြ လည်ကြတာကိုပဲ ထိုင်ကြည့်ရတာပိုပျော်တယ် ကိုယ့်ကို အပျော်တွေကူးစက်လာလို့ ။ ဒီနှစ်သင်္ကြန်တော့ ထူးထူးခြားခြားလေးဖြစ်အောင် လုပ်ဖို့တော့စဉ်းစားထားတယ် နောက်တော့ပြောပြမယ်နော့် :) မိုးခါး နဲ့ မမီးမီးငယ် က သင်္ကြန်အမှတ်တရ သိချင်တယ်ဆိုတော့ ပေါင်ကိုလှန်ပြီး ဒဏ်ရာပြလိုက်မယ် ဟဟား ၁၀ တန်းဖြေပြီး ၂၀၀၃ သင်္ကြန်တုန်းကတော့ စက်ဘီးပေါ်ကနေ လှည်းပေါ်က ကောင်မလေးကို လက်ဖမ်းဆွဲလိုက်တာ အရှိန်လွန်ပြီး မြောင်းထဲ ပြုတ်ကျသွားလို့ ပေါင်မှာ ရတဲ့ အမှတ်ပဲရှိတယ် ။ရှူးး တိုးတိုး ဘယ်သူ့မှမပြောနဲ့ :P

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com27tag:blogger.com,1999:blog-8761051935949226451.post-36830008816700005512009-04-04T11:58:00.002+07:002009-04-04T11:59:33.909+07:00မဲဆောက်
ဘယ်သွားမလဲ မဲဆောက်
ဘယ်က ပြန်လာလဲ မဲဆောက်
အကျိုးမပေါက်ပေမယ့် တိုးမပေါက်တဲ့ မဲဆောက်
ရွှတ် ရွှတ် ဟိုကောင်မလေး ပျိုင်းတယ် မဲဆောက်
ဒီဘဲကြီးက ဂွမ်းတယ် မဲဆောက်
ပုလိပ်ကြီးက ဖမ်းတယ် မဲဆောက်
၁၅ ဘတ်တန် ကြက်ပေါင် ကြွပ်ကြွပ်ကနေ
၁၅၀၀ တန် အကြီးစားကြက်ပေါင်လည်း စားလို့ရတဲ့ မဲဆောက်
ဝအောင်စား လှအောင်တော့ ၀တ်နိုင်တဲ့ မဲဆောက်
ဒီနေရာက ဒို့အတွက်တော့ ထမင်းရှင် မဲဆောက်
ပါစပ်က “ခပ်ဖုန် ခပ်ဖုန် ” နဲ့ ရေရွတ်နေပေမယ့်
မျက်ထောက်နီနီနဲ့ အကြည့်တွေရှိတဲ့ မဲဆောက်
ထိုင်းစကား မွှတ်နေအောင် ပြောနေတဲ့ ခြေသလုံးဖြူဖြူနဲ့ ကရင်မလေးတွေရှိတဲ့မဲဆောက်
အိမ်ပြန်လက်ဆောင် ခလေးတစ်ကောင်လို့ ဆိုရိုးတွင်တဲ့ မဲဆောက်
ဈေးပေါတဲ့ မဲဆောက်
ခလေးပေါတဲ့ မဲဆောက်
ရွှေပြည်ကြီးက ညီနောင်တွေ တိုးတဲ့ မဲဆောက်
သူလည်း မဲဆောက် ကိုယ်လည်းမဲဆောက်
မထူးတဲ့ မဲဆောက် မဆန်းတဲ့ မဲဆောက်
အဲရိုးပလိန်းကြီး စီးစရာမလိုတဲ့ မဲဆောက်
“ဆော်ဝါဒီခပ်” လို့ နှုတ်ခွန်းဆက်ကြိုဆိုနေမယ့် မဲဆောက်
မဲဆောက် မဲဆောက် မဲဆောက် မဲဆောက် မဲဆောက် မဲဆောက်
မဲဆောက် မဲဆောက် မဲဆောက် မဲဆောက် မဲဆောက် မဲဆောက်
ဒီနေရာမှာ ..အာအင်မတန်ချောင်တဲ့ Blogger တစ်ကောင်လည်းရှိတဲ့ မဲဆောက်

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com26tag:blogger.com,1999:blog-8761051935949226451.post-9095140862473637132009-04-03T13:30:00.002+07:002009-04-03T14:14:04.858+07:00ဘာပေးရင်ကောင်းမလဲဘာပေးရင် ကောင်းမလဲဆိုတော့ ကျနော်က ပေးစရာတော့မရှိ ပေးချင်တဲ့သူတွေရှိရင် ပေးခဲ့ ဘာဖြစ်ဖြစ် ယူမယ်လို့ :) co.cc ကြောင့်ပါ ပြန်ပြောင်းဖို့ကလည်း သေချာမတက် ။ နေ့အိပ်မက် ၊ မလေးမ တို့ဘလော့တွေ ပျက်သွားတော့ ကျနော်လည်းကြောက်နေတာ ။ အကျင့်ပုတ်လိုက်တဲ့ co.cc သူပဲ အစောတုန်းကတော့ အလကားဆိုပြီး လူကိုစိတ်ရှုပ်အောင်လာလုပ်နေတယ် အလကားရလို့ရေးတာပါဆို ကုန်မယ့် အလုပ်တော့စိတ်မပါဘူး သူများတွေလို ဒိုမိန်းတွေ အပျိုမိန်းတွေလည်း မ၀ယ်နိုင်ဘူးး ။မသိလို့ နားလည်တဲ့သူရှင်းပြပါအုံး အခု သူငယ်ချင်းတို့ ဘလော့တွေမှာ လင့်ထားပေးတဲ့ maungmyo.co.cc ကိုပဲ လင့်မပြောင်းပဲ ဒီတိုင်းပဲထားမယ် ကျနော်ကတစ်ခြားနာမည် blogspot နဲ့ ပြန်ပြောင်းရင် လင့်က auto ပြောင်းတယ်လား ။

ကျနော့်မှာလည်း မျောက်မီးခဲနင်းမိသလို ကမြင်းလိုက်ရတာ နာမည်ပြောင်းလိုက် ဘလော့ကိုပိတ်လိုက်နဲ့ခဏခဏပဲ တော်ကြာဖြတ်တော့မယ် တော်ကြာမရေးတော့ဘူးနဲ့ အပြောင်းလဲမြန်တယ် ။ ဂလိုတော့လည်းမသတ်မှတ်စေချင်ပါ ကိုယ့်မှာ ပိုင်ဆိုင်တာ နိုင်စရာဆိုလို့ ဘလော့လေးပဲ ရှိတာ သူ့ကိုပဲ အနိုင်ကျင့်နေရတယ် ။သက်တမ်းက ကုန်ဖို့ ၂-၃ လလောက်တော့လိုပါသေးတယ် ကိုယ့်ပါသာကြောက်နေလို့ ပို့စ်တွေပြန်ရေးရ မှာကော့မန့်တွေပျောက်ကုန်မှာလည်းစိုးတယ် ။ အဲ့တော့ ကြိုတင်ပြောင်းထားချင်လို့ လူရှာနေတာ ဟဲဟဲ ဘယ်သူ့အပူကပ်ရင်ကောင်းမလဲ :P

ဒီတစ်ခါ ဘာနာမည်ပေးရင်ကောင်းမလဲ ဘလော့အကောင့်စဖွင့်တုန်းက စဉ်းစားမရတာနဲ့ ဂစ်ဂစ် နာမည်ကြီးရွေးလိုက်တယ် khunmgmyo.blogspot.com ဆိုတာပဲ ခွန် ဆိုတော့တိုင်းရင်းသားလိုလိုဘာလိုလိုနဲ့ အမှန်ကတော့ ကရင်ကုလား ၂ မျိုးပေါင်းထားတာပါ အစ်ကို့ အပြောလိုဆိုရင်တော့ လအော့လအယ်ပေါ့ ။ ဟိုတစ်ခါ ဘလော့ပိတ်တုန်းကတော့ သူငယ်ချင်းတစ်ယောက်က မဖျက်နဲ့ နှမြောစရာကြီးဆိုပြီးလိပ်စာပြောင်းထားပေးတာက hiddenmyo.blogspot.com ဒီတစ်ခါ ဘာပြောင်းရင်ကောင်းမလဲ ခုနောက်ပိုင်း ဘလော့ဂါတွေ နာမည်က ရှယ်တွေကြီးပဲ ။ ဗီလိန် တဲ့ နာမည်ကြားတာနဲ့ ထွက်ပြေးချင်စိတ်ပေါက်လောက်အောင် နာမ်စီးနေတယ် ရုပ်ရှင်ထဲကြည့်ဖူးတာဗီလိန်ဆိုတဲ့ လူကြမ်းတွေက သေနပ်ကြီးခါးကြားထိုးထားတာကိုး ဒီဗီလိန်ကိုတော့ မကြောက်ပါဘူး တစ်ချက်စာလောက်ပဲရှိတာ ဟီးဟီး ။ တောင်ပေါ်သား ကိုအားကျတော့ ကိုယ်က မွန်ပြည်သားလို့ပေးရင် ကောင်းမလား ဖြစ်သေးပါဘူး ။ ကျနော့်မျက်နှာက ရုပ်ရှင်မင်းသား မြင့်မြတ် နဲ့ တူနေတော့ မျောက်မြတ်လို့ ပေးရင်ကော အဆင်ပြေမလား ။

ဘာနာမည်ပေးရမလဲ ကော့မန့်မှာ ပြောခဲ့ကြနော့် နာမည်လှလှလေးတွေရွေးပေး လန်ထွက်ပျံတက်နေလေ ပိုကောင်းလေးပဲ မစန်ဒါကြီး ရွေးပေးမယ့်နာမည်တော့ကြောက်တယ် ကြင်ဖက်ကို ပြောင်းပြန်လှန်ခိုင်းတဲ့ နာမည်သာဆိုရင်တော့ ဟုတ်ပေ့ပဲ :) တလက်စတည်း ပြောင်းပြီးလို့ လင့်က မအိုကေရင် ပြောင်းပေးကြပါအုံးလို့ တောင်းဆိုပါတယ်ခင်ဗျား ပြောင်းဖြစ်ရင် နာမည်ပြောပါအုံးမယ် ကျေးဇူးကမ္ဘာနော့် ။တစ်နေ့တစ်နေ့ ဒီဘလော့လေးနဲ့ပဲ ပျော်မြူးနေရတာမို့ လာသူကျဲရင် ပျင်းတယ် ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com23tag:blogger.com,1999:blog-8761051935949226451.post-23529958364268148812009-04-02T14:48:00.008+07:002009-04-02T17:30:06.775+07:00ဖတ်စေချင်မိတဲ့ ရင်တွင်းဖြစ်အဟောင်းများဖတ်စေချင်တဲ့ အဟောင်းလေးများအကြောင်း  ကိုရင်နော်ခင်လေးငယ်က Tag ထားတာနဲ့ ဒီနေ့ ဘာတင်ရင်ကောင်းမလဲ စဉ်းစားနေတုန်း အတော်ပဲ ဖြစ်သွားတယ် ကျေးဇူး မိနော် :) ။ ရင်တွင်းဖြစ် အဟောင်းများဆိုတာက ကျနော်ဘလော့စရေးကာစက ဘန်နာ ခေါင်းစဉ်ကို မောင်မျိုး၏ ရင်တွင်းဖြစ်များဆိုပြီးပေးထားပါတယ် ။ နောက်ပိုင်း တစ်ယောက်က မောင်မျိုးဆိုတာက မောင်မျိုး ( ကြောင်နှစ်ကောင်စာအုပ်တိုက်ပိုင်ရှင် ) နဲ့ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ၂ ယောက်ကြား ခွချက်ဆိုပြီး ပြောလာတာ နဲ့ စိတ်ထဲ ပြောင်းချင်နေတာကြာပြီး တကယ်တော့ ဘယ်သူ့အတုမှလည်းမခိုးပါဘူး ။ပိစိက ဘန်နာလုပ်ပေးမယ်ဆိုတော့ ပေစောင်းစောင်းရိုက်ချက်လို့ ပြောင်းလိုက်တာ ဒါတော့ လွတ်ပါတယ်နော် ။

ဖတ်စေချင်သော အဟောင်းလေးများ ဟာသတွေ အများကြီးရေးခဲ့ဖူးတယ် ကဗျာလိုလို/စာလိုလိုနဲ့ ဟုတ်တာတွေကောမဟုတ်တာတွေပါ လိုက်ရေးခဲ့ပေမယ့် ကျနော့် တကယ့်ရင်ဘတ်နဲ့ ခံစားခဲ့တဲ့ ပို့စ်လေးတွေကို ပြန်မျှချင်ပါတယ်ခင်ဗျား ။ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်လို့ပဲဆိုဆို ၃ ပုဒ်လောက်တော့ ပြန်တင်လို့ရတယ်ဟုတ် ။

“စိုက်ဝင်ခဲ့သော ဆူးတစ်ချောင်း”

ဒီအဖြစ်အပျက်လေးကတော့ လွန်ခဲ့တဲ့ ( ၁၂ ) နှစ်ကျော်က ဖြစ်ခဲ့တာပါ...။ဒါပေမဲ့ .ယနေ့ တိုင်စိတ်ထဲမှာ စွဲကျန်နေပြီး နောင်လဲ ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ အဖြစ်ပျက်လေးပါ..။ကျနော် အရင်ကနေခဲ့ တဲ့ ရွာကလေးက အင်မတန်မှ စိုက်စားပျိုးစားလို့ ကောင်းတဲ့ရွာ ကလေးပါ..။ ရွာနေ လူအများစုကလဲ ရာသီအလိုက် သင့်တော်ရာ ကောက်ပဲသီးနှံများစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြု နေထိုင်ကြပါတယ် ...။ဝါဆို၊ ကထိန် အလှူပွဲတွေမှာ စုပေါင်းအားနဲ့  ကုသိုလ် ပြုကြတဲ့ ကျနော်တို့ ရွာလေးကို တစ်နေ့ သတင်းဆိုး တစ်ခု ကျရောက်ခဲ့ပါတယ် ..။ စစ်တပ် ကရွာကို သိမ်းမယ်တဲ့ လူတိုင်းရဲ့  မျက်နှာပေါ် မှာ ၀မ်းနည်းတဲ့ စိတ်၊ နှမြောတဲ့စိတ်တွေ နဲ့ ထင်ဟပ်နေပါတယ်...စိုက်ထားတဲ့သီးနှံတွေကလဲ ရိတ်သမ်းချိန်မရောက်သေး ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိဖြစ်နေကြပြီး ဒီသတင်းတိကျလား မတိကျလား ဆိုတာ ဘယ်သူမှလဲ သေချာမသိ ...ညဘက် တစ်ခါခါ နေ့ ခင်းဘက်ကြီးတွေမှာတော့ ကောင်းကင်မှာ စစ်လေယဉ် ၃-၄ စီးခန့် ပျံဝဲ နေတာက်ု ကျနော်တို့ တွေ့ ရပါတယ် ။တစ်နေ့  လူကြီး အိမ်မှာ အစည်းဝေးတဲ့ လူတိုင်းမလာမနေရ ဆိုတော့ ကျနော်တို့ မိသားစုလဲ ရောက်သွားတာပေါ့..ဟိုရောက်တော့ လူကတော်တော် စုံနေပြီး...နာရီ ၀က်ခန့် ကြာတော့ သူ့ ကိုယ်သူ ရှင်ဘုရင် တိုင်းခံလှည့် လည်တဲ့ မျက်နှာနဲ့  စစ်တပ်ကအရာရှိကြီး...သူ့ ရဲ့  တပည့်လက်သား ၃၀့  နှင့်အတူ စစ်ကားတွေ နဲ့ ရောက်လာပါတယ်..။ အစည်းဝေးလာကြတဲ့ သူတွေထဲ မှာ သူ့  အဖေ၊အမေ အရွယ် အဖိုး ၊အဖွား အရွယ်တွေ ကအောက်မှာ ထိုင် သူကတော့ ခုံပေါ်မှာ စတိုင်လ် တစ်ခွဲသားနဲ့  လိုအပ်တာတွေ မှာယူစားသောက်နေပါတယ် ။ သူပြောတဲ့ စကားကလဲ မှတ်သားလောက်ပါတယ်ဗျာ......
'' ကျုပ် ရှည်ရှည်ဝေးဝေး မပြောချင်ဘူး - တစ်ပါတ်အတွင်း အပြီးပြောင်ကြပါ ''

'' ဒါ အထက်ကအမိန့် ပဲ ''

သွားစမ်းပါ အဲ့ ဒီအမိန့် ပေးခိုင်တယ်ဆိုတဲ့  သူတွေမှာကော မိသားစု ဆိုတာမရှိတော့ဘူးလားး ???? သူနေခဲ့တဲ့ ရွာ သူတို့ ရဲ့ အသိုက်အမြုံလေး အခုလို အဖျက်ဆီးခံရ ၊ မတရား အသိမ်းခံရမယ် ဆိုရင်ကော သူတို့ ရင်ထဲမှာ ဘယ်လိုခံစားရမလဲ စဉ်းစာကြည့်မိရဲ့ လားး???? လူစိတ်မရှိတဲ့ လူတွေ ...ပြီးတော့ ကျနော်တို့ အတွက် နစ်နာကြေးမြေကွက်တဲ့ သေရင် ''လူသေ''မြှုပ်လို့ မရ၊ ဘယ်သူမှ မနေတဲ့ တောင်ကုန်း၊ ရေဆိုတာ ဘယ်နားသွားခပ်ရမှန်းမသိ အရင်နေခဲ့တဲ့ ဧကပေါင်းများစွာ ကျယ် ၊စိုက်ပျိုး လို့ ကောင်းပါတယ်ဆိုတဲ့  ကျနော်တို့ ရွာနဲ့  နှိုင်းယှဉ် ကြည့်ကြပါအုံးဗျာ....။ သူတို့ သတ်မှတ်တဲ့ရက်အတွင်းပြီးအောင်ပြောင်းနေတုန်း အနှောင့် ယှက်ဖြစ်လို့ ဆိုပြီး အိမ်က ''အောင်နက် '' ကြီးလဲ အသက်ခံရတယ် ၊ ထူးပြောလှပါတယ်ဆိုတဲ့  ရွာက ၀ါးတောကြီးလဲ ကွင်းပြောင်ဖြစ်ခဲ့ရ တယ်၊ အဖေ စိုက်ထားတဲ့ ခေါင်းရင်း က ငှက်ပျောပင်တော ကြီးလဲ တစ်ပင်ချင်း ခုတ်လှဲ ခံရတယ် .၊ ငတ်ပြက်နေတဲ့  မျက်နှာတွေ နဲ့  အိမ်က ကျနော်မွေးထားတဲ့  သားငယ်ငယ်နဲ့  ကြက်မကြီးလဲ ခိုးစားခံရ ၊ ကြက်အော်သံပဲ ကြားပြီး ထမကြည့်ရဲ တဲ့ ကျနော်တို့ ဘ၀ ..သူတို့ ကပြောသွားသေးတယ် ငါတို့ က ( ) ကွ ငါတို့ ဘာလုပ်လုပ် မင်းတို့ မှာ ပြောပိုင်ခွင့် မရှိဘူးတဲ့...နယ်မြေကြမ်းပါတယ်ဆိုတဲ့  ကျနော်တို့ ရွာ သူခိုး၊ ဓာပြ ရန်ကို မကြောက်ရပဲ..( ) တွေကိုကြောက်နေ၇တယ်။ မနက်မိုးလင်း ကြက်မကြီးကို မတွေ့ လို့ အော်မြည်းနေတဲ့ ကြက်သားပေါက်လေးတွေ ၊ ငိုနေတဲ့ ကျနော့်ကို ချော့မော့နေတဲ့ အမေ့ရဲ့  ၀မ်းနည်မျက်နှာ ၊ ပစ္စည်းတွေ သိမ်းနေတဲ့ အစ်မ၊ ကျနော့် မိဘတွေ နှစ် ( ၂၀ ) ခန့် နေခဲ့တဲ့ အိမ် ကိုစိတ်မကောင်းကြီး စွာ ဖျက်နေတဲ့ အဖေနဲ့  အစ်ကိုကြီးး ဒီမြင်ကွင်းတွေက ငယ်ပေမဲ့  ကျနော့် မျက်လုံးထဲ မှာ သံမှို စွဲသလို စွဲနေခဲ့ပါတယ် ...။ အငယ်ထဲ က တောင်သူအလုပ်နဲ့ ပဲ ကြီးပြင်လာတဲ့ ကျနော့် မိဘတွေလဲ အဖိုး တို့ပေးတဲ့ အရင်းနှီလေးနဲ့ တစ်ခြားရွာမှာ လုပ်ကိုင်စားသောက်ကြပါတယ် ။

စိတ်ကသာ ကြိုး၂ စား၂ လုပ်ချင်ပေမဲ့ အသက်ကစကားပြောလာတဲ့ အဖေ ၊ ကျန်းမာရေးမကောင်းတဲ့ အမေ ၊ ငယ်၂ ရွယ်၂ နဲ့  ဘာမှမလုပ်တတ်သေးတဲ့ ကျနော် တို့ မောင်နှမတွေ ၊ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ ဆိုသလို နယ်မြေသစ်မှာ အခြေမကျတဲ့ ကျနော်တို့ အဖြစ် ဆယ်စုနှစ် တစ်ခုနီးပါ ဒုက္ခ ရောက်ခဲ့ရပါတယ် ..။ ဒါတွေက ဘယ်သူ့ မှာ အ ပြစ်ရှိလဲ ???? သူတို့ ရဲ့  အမိန့် ဆိုတဲ့  စကား တစ်ခွန်းကြောင် လူပေါင်းများစွာ နေ့ ချင်းညချင်း အခြေမဲ အနေမဲ့ ဖြစ်သွားရတဲ့ ဘ၀ ၊ ဘာကိုမှ အစိုးမရတဲ့ ခေတ် ဆိုးကြီးထဲမှာ ကျနော် တို့ က ဘာကိုများတောင့်တနေရအုံးမှာလဲ ???? ဘယ်သူကကော ကျနော်တို့ ကို ကယ်နိုင်မှာတဲ့လဲ ???? ကျနော်တို့ က ဘာအမှားလုပ်မိလို့  ဒီလို ဒုက္ခ မျိုး ခံရတာလဲ ???? အဲ့ဒီတုန်းကသာ ဒီလိုမဖြစ်ခဲရဘူးဆို ကျနော်လဲ ဒီအချိန် မိဘရင်ခွင်မှာ ပြည့်၂ စုံ၂ နဲ့ ပညာဆက်သင်ခွင့်ရအုံးမှာ....အခုတော့ဗျာ...............။

ကံကြမ္မာ ဆိုတဲ့  စကား ဘယ်လောက်ထိ ပြင်းထန်လဲ ဆိုတာ ကိုယ်တိုင်ခံစားဖူးတဲ့ သူမှ သိနိုင်မှာပါ..။ '' ရေ ကြည်ရာ မြက်နုရာတဲ့လား သွားစမ်းပါ....ကျနော့် ကျမှာ ဘာကြောင့် မိဘအရိပ် မှာ ရေကြည်သောက်ခွင်ံ မရှိရတာလဲ.... တကယ်တော့ သူများဆီက ရေကြည်ဆိုတာထက် ကိုယ့်ပြည် ကိုယ့်မြေ က ရွှံ့ ဗွက်ရည် ပဲ သောက်လိုက်ချင်ပါတယ်ဗျာ...သူတို့ တွေရဲ့  အကြည့် ၊ မဲ့ပြုံး၊ ဝေဖန်မှုတွေ ကြားရရင် အသားကို ဓားနဲ့ လှီးသလို ခံစားရတယ်........ ပျော်ရာမှာ မနေရ တော်ရာမှာနေရ ဆိုတဲ့ လောကရဲ့  နိယာမတွေ လဲ မလိုက်နာချင်ဘူးး....။အခုနေ ကျနော် လိုချင်တာ အိမ်ပြန်ချိန် ဆီးကြိုနေမဲ့ မိဘရဲ့  မျက်နှာ၊ အစ်မ ချက်ကျွေးမဲ့ ထမင်း ဟင်းပူပူလေး...၊အလိုလိုက်တတ်တဲ့ အစ်ကိုကြီးရဲ့  မာန်ပါတဲ့ အသံတွေပါ မဖြစ်နိုင်မှန်း သိပေမဲ့ ရိုးသားစွာနဲ့  တောင့်တမိတာပါ ။

အမိန့် ဆိုတဲ့  စကားသံကိုကြားရရင် နားထဲကိုသံရည် ပူလောင်းထည့်သလိုခံစားရတယ် ..၊အာဏာ ကို ဘုရာလိုကိုယ်းကွယ် ကြတဲ့ လူစိတ်မရှိတဲ့ လူတွေကို မြင်ရရင် မုန်းတယ်...။ ကျနော် မမြင်ချင်ဆုံး အရောင် ဘယ်တော့မှ သုံးမှာ မဟုတ်တဲ့ အရောင်ကတော့ ''အစိမ်းရောင် ပါပဲ ..။

စိုက်ဝင်ခဲ့သောဆူးတစ်ချောင်းဆိုတဲ့ ပို့စ်လေးကိုတော့ ကျနော် 28/11/2007 ကရေးခဲ့တာပါ ။ ပြန်တွေးမိတိုင်း စိတ်ထဲ နာကျင်မိသလို ရွာကလေးကိုလည်းတမ်းတမိတယ်။ တချို့ကတော့ထင်မယ် ဒါကျနော့်ရဲ့ စိတ်ကူးယဉ်ဇတ်လမ်းပေါ့ မဟုတ်ပါဘူး တကယ့်အဖြစ်ပျက်ဆိုရင် ယုံနိုင်မလား ။အခုတော့ အရာအားလုံးကို မတည်မြဲခြင်းတွေမို့ အထွေထူးလုပ်ပြီး ၀မ်းနည်းမနေတော့ပါဘူး ဖြစ်ချိန်တန်လို့ဖြစ်တယ်ပဲသဘောထားလိုက်တယ် ပြီးတော့ အစိမ်းရောင်တွေကို မနာကျင်ဖို့လည်း အမြဲကြိုးစားနေတုန်း ။

“အသုတ်သည် ၏ ဖွင့်ချချက် ”
ဒီဈေးထဲမှာ ငါအသုတ်ရောင်းဖို့ ရောက်လာခဲ့တယ်
တော်လွန်းတတ်လွန်းလို့ 
ဈေးရောင်းနေခြင်းမဟုတ်
အားယားလွန်းလို့ ဈေးရောင်းနေခြင်းသာဖြစ်တယ်။
ကြောင်ပြီးတော့လည်း မညာသလို
ညာပြီးတော့လည်းမကြောင်ဘူး
ဟော့ဒီမှာ....အမှန်အကန် ချဉ်ချဉ်ငန်ငန် အသုတ်စုံတွေသာရောင်းနေတာပါ။

ငါသုတ်လိုက်တဲ့ အသုတ်တွေက
ဘယ်အသုတ်သည်ရဲ့ လက်ရာနဲ့ များတူနေတာပါလိမ့်
စဉ်းစားရတာမောတယ်
ဒီ့ထက်လည်း ငါ့မှာအစွမ်းအစမရှိတော့ဘူး
ဈေးထဲမှာ ကောလဟာလ၀ါတွေ
(၁၀၀ ) ဖိုး (၃ ) တုံးနဲ့ ပေါပေါလောလောရောင်းနေကြတဲ့သူတွေကရှိသေး
မသေချာ မရေရာတဲ့ ကမ္ဘာငယ်မှာ
ငါ့နှာခေါင်း မီးမတောက်ဘူး
99 % အအေးဓာတ်ပေးထားပြီး
( ၂၄ ) နာရီရေခဲသေတ္တာထဲမှာ အအေးခံထားတယ်
နှာခေါင်းမီးတောက်ချင်ရင်
ယပက်လက်မှာ ပေါလွန်းလို့ 
ဗျူးခံရတာတွေကို ရှင်းပြရတာ ပျင်းတယ်။
ခဲမှန်ဖူးတဲ့ စာသူငယ်ပါ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်တယ်။

အမြင့်ကိုရောက်ဖို့ ကြိုးစားမိတိုင်း လေဒဏ်တွေက ပြင်းထန်လွန်းတယ်
ဝေဖန်ခံရမှုက တိုးတက်ဖို့ အတွက် အားတဲ့လား
ကြံ့ကြံ့မခံနိုင်တာ ငါ့ရဲ့ညံဖျင်းမှုပဲ
ငါ့ရဲ့ ရင်တွင်းဖြစ် စစ်စစ်တွေက
လောင်းရိပ်အောက်မှာ ရှင်သန်းနေရတာလား
ဟဲဗီးစတိုင်လ်နဲ့ လည်းမရေးဘူး ၊
ဟဲလေး စတိုင်လ်လည်း အတုမခိုးဘူး
နေတိုးရဲ့ ညီ အသေဆိုး မဟုတ်ပေမယ့်
အစာအိမ်က မကောင်းလို့  တစ်ခါခါတော့ လေထိုးတတ်တယ်။
ကူမလိုလိုနဲ့  တွန်းချတတ်တဲ့ လက်တွေကို ငါကြောက်တယ်။

ပျော်လွန်းလို့  အသုတ်ရောင်းနေရတာမဟုတ်၊
ငါ့မှာ မရှိမယ့် ရှိမယ့်အားလေး နဲ့ ကြိုးစားပြီးရှင်သန်နေတာပါ
ကျေးဇူးပြု၍ ငါ့ရဲ့ အသုတ်ဆိုင်လေးကို
ခဏခဏ ခဲနဲ့ မပေါက်ကြပါနဲ့ လို့ တောင်းပန်ပါတယ်
ဒီတစ်ခါ အရုတ်ပြင်း အရင်းပြုတ်ရင်
ငါ့မှာ ဈေးပြန်ရောင်းဖို့  အားတွေ ရှိတော့မှာမဟုတ်ဘူး
ငါသုတ်လိုက်တဲ့ အသုတ်တွေက
ဘေးဆိုင်တွေက လက်ရာတွေနဲ့ ထပ်ကြပ်မကွာတူနေတယ်ဆိုရင်တော့
ငါ့ဆိုင်ကို ငါ မီးရှို့ ပြီး
ဒီဈေးထဲက အပြီးအပိုင် ထွက်သွားပါ့မယ်
ဒါ...........
အသုတ်သည်တစ်ယောက်ရဲ့မာန... .....
အသုတ်သည်တစ်ယောက်ရဲ့ ဖွင့်ချချက် ...........

အပေါ်က အသုတ်သည် ကဗျာလေးကတော့ ဖတ်တာနဲ့ သတိထားမိမှာပါ ပေါက်ကွဲထားတယ်ဆိုတာ :P ။ အကြောင်းက ဘလော့သာရေးနေတယ် သူများရေးထားတဲ့ စာတွေကို အတုခိုးတယ်လို့ ဝေဖန်ခံရတုန်းက မရင့်ကျက်သေးတဲ့ ဘလော့ဂါပေါက်စလေးရဲ့ ဒေါသကို ရေးဖွဲ့ထားတာပါ ။

“အချစ်ပန်းတစ်ပွင့်”

“မ”အတွက် ကေသာထက်က
အပြာရောင် ပန်းကလေးတစ်ပွင့် ဖြစ်ချင်တယ်
မာနရိပ်တွေနဲ့  လှပနေတဲ့
ပြာလဲ့လဲ့မျက်ဝန်းလေးကို ချစ်တယ်
ချစ်စကားတွေကို တီတီတာတာ ခွန်းခြွေတတ်တဲ့
နှင်းဆီရောင် နှုတ်ခမ်းပါးလေးကို လွမ်းတယ်
ဆူးမရှိပါဘူးလို့ ဝန်ခံမိတဲ့ ကျနော့်အချစ်တွေကို
မယုံကြည်တဲ့ “မ” ရဲ့ သံသရစိတ်တွေကိုကြောက်တယ်
ပင်မြင့်ထက်က ပန်းတစ်ပွင့်မဟုတ်ပေမယ့်
ဟော့ဒီ မြေခပန်းလေးမှာလဲ
အချစ်ဆိုတဲ့ ၀တ်မှုန်တွေရှိပါတယ်ဆိုတာ
ကျေးဇူးပြု၍ နားထောင်းပေးပါ
အခု ပန်းကလေး လွမ်းနေတယ်
တယုတယ နမ်းရှိုက်မယ့်
“မ” ရဲ့ အကြင်နာ အနမ်းလေးကို
တမ်းတမိတယ်
မျှော်လင့်ခြင်းဆိုတဲ့
ရေသောက်မြစ်လေးကို အဖော်ပြုပြီး
နေဒဏ်ကိုကြံကြံခံ အချစ်ပန်းလေးကတော့
ထာဝရပါ ဖူးပွင့်လျှက်ပါ “မ” ရယ်...................။

ဒီကဗျာလေးကတော့ အချစ်အကြောင်းတကယ်သိသလိုလိုနဲ့ရေးဖူးတဲ့ ကဗျာလေးပါ အခုတော့ Version ပြောင်းထားပါတယ် ။

အဟောင်းတွေကိုပြန်တင်မိတဲ့အတွက် ဖတ်ဖူးတဲ့သူတွေကို အားနာပါတယ် ။ကြွက်ခုတ်တယ်လို့ပဲသဘောထားပေးပါ :)

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com16tag:blogger.com,1999:blog-8761051935949226451.post-91615742108884178732009-04-01T14:53:00.003+07:002009-04-01T15:10:07.830+07:00မနက် မနက် ဒီလိုထတယ်သူငယ်ချင်း မိုးခါး က Tag ထားတယ် နောက်တိုးတဲ့ လက်ဖက်ရည်ဆိုင်ကကောင်းလေးကိုတောင် သွားသတိရမိတယ် :) ။မနက်ခင်းကို ဘယ်လိုထသလဲ ဆိုတော့ ကုန်းကုန်းကွကွ ထပါတယ် တစ်ခါခါ ဟိုရွာလည်နေသည် ဆီးထုတ်ထဲက အရက်မူးသမားကြီးလို ပုဆိုးကိုလည်ပင်းသိုင်းပြီးထပါတယ်ခင်ဗျး) တကယ်မဟုတ်ဘူး အတည် ။ အိပ်အိပ်စားစားရွှေမင်းသား ဆိုတဲ့ စကားအတိုင်း တကယ်တော့မနက်ပိုင်းဆို မထချင်ပါဘူး သို့သော်လည်း ဒါလုပ်မှ ဒါစားရမယ့် အဖြစ်ဆိုတော့လည်း ထ ရတာပေါ့ ။ အလုပ်က မနက် (၈)နာရီ သူများတွေလို ရထားတွေ ကားတွေ စီးစရာတော့မလိုဘူး အဲ့လိုသာဆိုရင်တော့ ကျနော်လည်းအလုပ်ပြုတ်တာကြာပေါ့ဗျာ ။ နေတာက အပေါ်ထပ်မှာ အောက်ထပ်က ရုံးခန်းးဖွင့်ထားတော့ အိမ်ပေါ်နဲ့ အိမ်အောက် ပြေးဆင်းရုံပဲ ။ ရုံးစည်းကမ်းက (၈-၁၀) မိနစ်ထပ် ၄ရက်နောက်ကျရင် တစ်ရက်စာလခထဲက နှုတ်ပါတယ် ။

ညပိုင်းက ချစ်ဇနီးနဲ့ကွာရှင်းထားတာတောင် ဘယ်လောက် စောစောအိပ်အိပ် ၁၁ နာရီထိုးက အစောဆုံးပါပဲ ။စိတ်တွေ ပူလောင်တဲ့ ညတွေဆို တရား ၁၅ မိနစ်လောက်ထိုင်တယ် စာ ၅ ရွတ်လောက်ဖတ် ပြီးရင်အိပ် ။ ဖုန်းကို နှိုးစက် (၇)နာရီပေးထားတယ် ခေါင်းရင်းက နာရီကိုက ၁၀ ပိုထားတယ် ။ မနက်အလုပ်ဆင်းကာနီး “မောင်ရေ့ ထတော့ ဒီမှာ မောင်ကြိုက်တတ်တဲ့ မုန့်ဟင်းခါးလေး ၀ယ်ထားပေးမယ် ” ဒါမှမဟုတ် “ ကိုကိုရေ့ ထတော့ ဆို မီး စိတ်ဆိုးတော့မှာနော် ” ဂလို ဂလို တီတီတာတာလေးတွေ ပြောမယ့် သူတစ်ယောက်မှမရှိပါ ။ ဖုန်းကနှိုးစက် ဘယ်လောက်ပဲအော်အော် ပြန်ပိတ်ပြီး အိပ်တယ် ။ ခေါင်းရင်းက နာရီကို မျက်လုံးက လှန်လှန်ကြည့် ရပါသေးတယ် ၅ မိနစ် ပြန်မှိန်း တကယ်ပြောတာ မနက်မနက် ပြန်မှိန်းရတဲ့ အရသာလောက် ကောင်းတာ ဘာနဲ့မှ မလဲနိုင်ဘူး ။ ၈ နာရီထိုးဖို့ ၁၀ နစ်လောက်လိုရင်တော့ အတင်း မထချင်လည်း ထရပါပြီး ။

ဒီအကြောင်းရေးရတာ တိုနေတော့ နည်းနည်း ဆက်ပွားလိုက်အုံးမယ် ။ အစ်မဆိုင်မှာနေတုန်းက မနက်စောစော ဆို အလုပ်တွေကများတော့ဝိုင်းကူရတယ် ။ အဲ့တာကြောင့် ၆နာရီထိုးဆိုထရတယ် အဲ့ထက်စောတဲ့နေ့တွေဆို ၅ နာရီခွဲလောက်ပေါ့ ။ ခလေးတွေကလည်းနိုးနေပြီး ကိုယ်တစ်ယောက်ပဲ ကျန်တော့တာ အစ်မက ထတော့ထတော့ဆို “ အင်းအင်း..ထနေပြီး ” ပြန်မှိန်းတယ် ၅ မိနစ် နောက်တစ်ခေါက်နှိုးလည်း ထိုနည်းလည်ကောင်း ။“အငယ်ကောင် နှိုးနေတာ ခုထိမထသေးဘူးလား ” အသံနဲ့ အတူ ခေါင်းခေါက်ခံထိမှ ဆူပုတ်ပုတ်နဲ့ထ ။ခလေးတွေကို လာနှိုးခိုင်းတဲ့ မနက်ပိုင်းတွေကျတော့ ဒီလို “ ဦးသားလေး ဦးသားလေး အမေက ထတော့တဲ့ ” မကြားချင်ယောင်ဆောင်တာ ကိုယ့်မျက်လုံးမဖွင့်မချင်း အဲ့တိုင်းကို နှိုးနေတော့တာ စိတ်ကမရှည်ချင်တော့ဘူး “ ဦးသားလေး သေပြီလို့ပြောလိုက်ကွာ ” အရွဲ့တိုက်ပြီး ပြောလိုက်ပါတယ်ဆို “အမေရေ့ ဦးသားလေးက သေပြီတဲ့ ” တော်လိုက်တဲ့ ငါ့တူ ဓာတ်ကျတယ် ။မဖြစ်ချေဘူး ခေါင်းက မနက်တိုင်း ခေါက်ခံထိနေရင်တော့ ကြာရင် ဂေါက်ဖြစ်ဖို့ပဲရှိတော့တယ် ။ရွာကိုအလည်သွားတဲ့နေ့တွေဆိုရင်တော့ သားမိနှစ်ယောက် ညပိုင်း အလွမ်းသည်ပြီး စကားတွေပြောကြတော့တော်တော်နောက်ကျတယ် ။ မအိပ်ခင်တည်းက ကြိုပြောထားတာ “အမေ မနက်ကျ မနှိုးနဲ့နော် အဘ ပွမ်ရင် အမေကြည့်ပြောထားပေး ” ဒါဆို အိုကေပြီး ။

တကယ်တော့ မနက်မနက်ဆို ကိုယ့်ရဲ့ ရွှေင်္ဇီးကွက်လေး အသံကြားချင်တာပေါ့ဗျာ ဒါမှမဟုတ် မနက်စောစော အကြင်နာပေးမယ့် ကြင်ယာတော်လေးတစ်ယောက်လောက်များရှိရင်တော့ ဘ၀ကနေပျော်စရာကောင်းမှာ တွေးကြည့်တာနဲ့တင် ရင်တွေက တဒုန်းဒုန်း :P ။ ဘ၀က ကံမကောင်းပုံများ ကျီးကန်းတောင် မအော်ဘူးရယ် တော်ပြီး ဒီကစ္စ ဒီမှာတင်ရပ် ။ဆက်ပြီး Tag မယ့်သူက ဖြိုးလေး  အားတဲ့ အခါမှရေးပေးပါ ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com22tag:blogger.com,1999:blog-8761051935949226451.post-69412968971086210432009-03-31T09:36:00.001+07:002009-03-31T10:11:02.192+07:00Blog ကပေးတဲ့ ရောဂါအင်း..ပြောရမှာတော့ ရင်လေးစရာ ။ Blog ...သူနဲ့ နေ့ကော ညပါပေါင်းလာတာ နှစ်နဲ့ချီနေပြီး ဒီတစ်ခါတော့ သူကိုယ့်ကို ကောင်းကောင်းကြီးပညာပြလိုက်တာပဲ ။ နဂိုတည်းက အနာထူသူဌေး ခေါင်းကိုက်လိုက် ဖင်နာလိုက် ရောဂါပေါင်းက သောင်းခြောက်ထောင် တကိုယ်လုံးမှာ ကောင်းတဲ့နေရာကိုပြဖို့တော်တော်ခက်တယ် ။ Blog ကလည်းရောဂါမသေဘူးရယ် တယောက်တည်းဆိုတော့ပျင်းရင် လည်တယ် ဖတ်တယ် ကြာတော့ အပျော်သဘောကနေ မရေးရင်မနေနိုင် မလည်ရင် မနေနိုင်တဲ့အဆင့်ကိုရောက်နေပြီး ။အလုပ်ကနေလည်း ရရင်ရသလောက် ခိုးလည် ခိုးရေး ညပိုင်းကျတော့အလုပ်မရှိ လွတ်လွတ်လပ်လပ်ရေးလို့ဖတ်လို့ရတယ်လေ အဲ့တော့ စာတွေလိုက်ဖတ် အချိန်လေးရရင် အွန်လိုင်းတက်ပြီး လေပန်းလိုက်သေးတယ် အဲ့တော့ အချိန်တွေက ကုန်မှန်းမသိကုန်ပြီး ညညဆို ၁၁ နာရီကျော်မှ အိပ်ဖြစ်တယ် နောက်ကျသွားရင် မနက်တစ်နာရီလောက်ထိကိုသုံးဖြစ်နေတာ ။

Blog တွေလည်ရင်လည်း သီချင်းကြိုက်တတ်တဲ့သူဆိုတော့ (ကိုခရောင်း ၊ကိုဝင်းဇော်၊မိုးခါး) တို့ Blog တွေဝင်ရင် သီချင်းက နာကြပ်အသေးလေးနဲ့ တစ်နေ့လုံးကိုနားထောင်နေတာ ။တကယ်တော့သူတို့မှာတာဝန်ရှိပါတယ် လာလည်တဲ့ ဧည့်သည်ကိုနားလေးအောင်လုပ်တဲ့အတွက် သို့သော်လည်းပဲ ကိုယ့်ချင်းကိုယ့်ချင်းတွေမို့ လျောကြေးမတောင်းတာ့ဘူး :) ။ အိပ်ရေကပျက် သီချင်းတွေနားထောင်ပါများတော့ နားကအူပြီး လေတွေထွက်လာတာ အသံကို နှစ်ထပ်ကြားနေရတယ် လေလှိုင်းခပ်သံဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ် ။ သူများခေါ်လည်းမကြားရ အိမ်ရှေ့မှာလမ်းပြင်နေတော့ ဘော်လီဇာ( Bus 4 လားမသိ ဟိုသွားခေါခေါကြီးက မြေကြီးတွေကို ကလော်တဲ့ဟာ)ထိုးသံက ကိုယ့်နားထဲ သကြားမင်းနဲ့ မာန်နတ်စစ်ဖြစ်သလို တဒုန်းဒုန်း တဒိုင်းဒိုင်း နားကို ဂွမ်းဆို့ထားရတယ် ။

မနေ့ကတော့ ဘယ်လိုမှမခံနိုင်တဲ့ အဆုံး  ဒီကဆေးခန်း ကိုသွားပြဖြစ်တယ် (အကျယ်တော့မရေးတော့ပါဘူး ဘာလို့လည်းဆိုတော့ ဒီဆေးခန်းသွားပြမိရင်ပဲ နိုင်ငံရေးနဲ့လိုလို ဘာလိုလိုထင်မှာစိုးလို့ ) အလှူငွေ ဘတ် ၃၀ပဲထည့်ရတယ် မထည့်လည်းရတယ် ဒုက္ခရောက်အဆင်မပြေတဲ့ ဆင်းရဲသားမြန်မာလူမျိုးတွေအတွက်တော့ တကယ့်ကို အားထားရာနေရာပါပဲ ။နားထဲထည့်ဖို့ဆေးရည် ၊သောက်ဆေး တစ်ပါတ်စာ အလကားရခဲ့တယ် ကျနော်ထင်တာအပြင်ဆေးခန်းသွားပြမယ်ဆိုရင် အနည်းဆုံးတော့ ဘတ် ၃၀၀လောက်ကုန်မှာပဲ ။အိပ်ရေးပျက်မခံဖို့ ရေများများသောက်ဖို့ အားနည်းတဲ့အတွက် အားရှိတာတွေစားဖို့ မှာလိုက်တယ် ။ ဒါဆိုညည Blog ကြောင့်အိပ်ရေးပျက်တာကိုယ်အသိဆုံးပဲ လျှော့တော့မှပဲ သေလို့တော့မဖြစ်သေးဘူးလေ အခူုမှအရွယ်ကောင်းတုန်း လုပ်စရာတွေလည်းအများကြီးရှိသေးတယ် ။

ဆိုတော့ကား...ဟော့ဒီနှစ်နဲ့ချီပေါင်းလာတဲ့ ကျနော့်ရဲ့ဇနီးBlog လေးနဲ့ ညညမပေါင်းတော့ပါဘူးခင်ဗျား သူနဲ့ပေါင်းရတာ အိပ်ရေးပျက်ပြီး အားကုန်လို့ ရင်နာနာနဲ့ပဲ ခွဲရတော့မယ် အဟင့် အဟင့် ဗြဲ :) ။ ဒါကြောင့်..လူကြီးမင်းတို့ ရှေ့မှာ ၂ဦးသဘောတူ ကွာရှင်ပြတ်စဲကြောင်းလက်မှတ်လာထိုးတာပါ ။ အဲ့..မနေနိုင်လို့လာပေါင်းမိရင်တော့လည်း အပြစ်မတင်ပါနဲ့ ကိုယ်ကသူ့ကိုအစွဲကြီးစွဲနေမိတော့ ချက်ချင်းကြီးဖြတ်ရမှာ မသက်သာဘူး ။ချစ်ဇနီးလေးရေ့ ကို.. မလာနိုင်တဲ့ညညတွေဆို နောက်မီးမလင်းနဲ့နော် ဟီး လာလာချောင်းနေမှာ ။ လိမ်လိမ်မာမာနေကျန်းမာရေးဂရုစိုက် အားတိုင် စိတ်မကောက်နေနဲ့ ကြာရင်ကောက်ချိတ်ကြီးဖြစ်နေလိမ့်မယ် ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com27tag:blogger.com,1999:blog-8761051935949226451.post-75769274055144637652009-03-29T12:16:00.001+07:002009-03-29T14:32:16.640+07:00ဇတ်မင်းသားနဲ့ဗဒိုင်းသီးလေယူရာတိမ်း
ယိမ်းခဲ့ရင်တောင် လဲမကျမိဖို့အရေးကြီးတယ်
ချော်လဲရင်ပြန်ထ ဖုတ်ဖတ်ခါပြီး မြေမှုန့်တွေခါလိုက်ပါ
ဒူးပြဲရင် ဆေးထည့်
နဖူးကွဲရင် ပတ်တီးစီး
ဒါဖြစ်ရင် ဒါလုပ်ရမယ်ဆိုတာ လောကကြီးကချမှတ်ပြီးသား ။
ကျရာအရပ် အပင်ပေါက်နိုင်ဖို့
ရွက်ကျပင်ပေါက်ဆိုတဲ့ အပင်ကို ပျိုးခဲ့တာ
ခုတော့ အသီးတောင်သီးပြီး
ဒါပေမယ့် ဗဒိုင်းသီး ကြီးရယ် ။
ဇတ်သမားမို့ ကခဲ့ရတဲ့ ပြဇတ်တွေ
ငိုခဲ့ရတဲ့ လွမ်းချင်းတွေ
အပူရုပ်ကိုဟန်လုပ်လို့ အပေါစားမိတ်ကပ်တွေနဲ့
ဒီမင်းသား မျက်နှာ ဂျွတ်တက်နေပြီး
ကဲ............နှမရေ့ အချိန်မလင့်ခင် “က”လိုက်ကြစို့ကွဲ့
ဒီတစ်ခါတော့ ငါ့ကို ခြေထိုးမခံလိုက်နဲ့ ပရိသတ်အရှေ့မှာ
အရှက်တွေလည်း ဟတ်တက်ကွဲတာများပေါ့
တစ်ခါခါတော့ ရှက်တတ်ဟန်ဆောင်ချင်သေးတယ်
(တကယ်တော့ မရှက်တတ်တဲ့ သရက်စေ့ လူသားပါ)

ကဗျာကြီးက ဘီလိုကြီးလဲ မမေးလိုက်နဲ့ အဲ့တာ ကျနော်ကိုယ်တိုင်တောင်မသိဘူး ဒီနေ့ ပိတ်ရက် မနားရပဲ အလုပ်လာဆင်းနေရလို့ ပေါက်သွားတယ်ထင်တယ် :)

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com19tag:blogger.com,1999:blog-8761051935949226451.post-57686327096126882892009-03-28T14:23:00.000+07:002009-03-28T14:24:24.437+07:00လေလွင့်ခရီးသည်ရဲ့ အပြာရောင်ကျောပိုးအိတ် …ကျွန်တော်ဟာ ... အပြာရောင်… ဂျင်း ကျောပိုးအိတ်တစ်လုံးပါ… ။
အဲဒီတုန်းကပေါ့ဗျာ… ကျောပိုးအိတ်တွေ ... ဒီဇိုင်းအမျိုးမျိုှး ... အမျိုးအစားအမျိုးမျိုး ရှိတဲ့ဆိုင်မှာ ... ကောင်လေးက ... ကျွန်တော့်ကို ... ရွေးချယ်လိုက်တယ် ... ။ ကောင်လေးက ခရီးထွက်မလို့ တဲ့ဗျ ...။ သူ့ လိုပဲ အကြမ်းခံတဲ့ ကျွန်တော့်ကို ... ရွေးချယ်လိုက်တယ် …။

အဝေးကလမ်းဟောင်းလေးကို ငါဟာနှုတ်ဆက် … အမေ့ရဲ့မျက်ရည်စက်တွေ ငါဟာနှုတ်ဆက်….
အဲဒီနေ့ ကပေါ့ဗျာ… အပေအတေကောင်လေးက ... အပေအတေခံတဲ့ ဂျင်းပန်ကို ... ၀တ်ထားတယ် ... ။
“ဖေ နဲ့  မေ” ကို ကန်တော့ပြီး ... ကျွန်တော့်ကို ပုခုံးပေါ်လွယ်လိုက်တယ် ...။ သူ့ အမေရဲ့ ရင်ခွင်ထဲကို ခေါင်းတ ချက် ဝှေ့လိုက်ပြီး ... “ကျန်းမာရေးဂရုစိုက်နော် အမေ” လို့  ... တိုးတိုးလေး ရေရွတ်လိုက်တယ် ... ။သူ့ အမေရဲ့ မျက်ရည်စက်တွေကို တစ်ချက်ငေးပြီး ... ကောင်လေး ... တွေခနဲ ... ဖြစ်သွားတယ် ... ။ ဒါပေမယ့် “ငါ သွားရ မယ် ... သွားမှဖြစ်မယ် ... ငါမသိသေးတာတွေကို ရှာဖွေဖို့ အတွက် ... ငါ...သွားကို သွားရမယ်... ” လို့  ကိုယ့်ကိုယ်ကို ... အားတင်းပြီး ... အမေ့ရဲ့ မျက်ရည်တွေကို ..နှုတ်ဆက်လိုက်တယ် ..ကျောခိုင်းလိုက်တယ် ...။ ခပ်လှမ်းလှမ်းရောက် တဲ့အခါ .... ကောင်လေးက ... သူလျှောက်ခဲ့ဖူးတဲ့ ... ပြေးဆော့ခဲ့ဖူးတဲ့ ...ချန်ထားရစ်ခဲ့ တဲ့ ... မြေနီလမ်းလေးကို နှုတ်ဆက်တဲ့အနေနဲ့  ... ပြန်လှည့်ကြည့် လိုက်တယ် ... ။ မျက်ရည်တွေဝေ့နေတဲ့ ... ကောင်လေးရဲ့ မျက်ဝန်းတွေကို ... ကျွန်တော် မြင်လိုက်ရတယ် ...။

သွားရတော့မယ်….
အ၀တ်အစား သုံးလေးစုံ ... ၊ မရှိမဖြစ် အသုံးအဆောင်လေး တချို့ နဲ့ ... မိသားစုဓါတ်ပုံလေးတစ်ပုံ... ရည်းစား မဟောင်း တဟောင်း လေးရဲ့ ... ဓါတ်ပုံလေးညှပ်ထားတဲ့ ... ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကို ... သယ်ပိုး ပေး ထားတဲ့ ကျွန်တော့်ရဲ့လက်ကို ... တင်းတင်းဆုပ်ကိုင်ပြီး ... ခြေလှမ်းကျဲကြီးတွေနဲ့ ... ကောင်လေး ခရီးဆက်ခဲ့ ပါတယ် ..။

အဆုံးမဲ့မိုးသားထဲကို ..... ငါပျံသန်းခဲ့….
ကောင်လေးမှာ ... ခရီးစဉ်မရှိဘူး... ခရီးဆုံးမရှိဘူး ... လမ်းညွှန်မရှိဘူး ... အဆုံးမရှိတဲ့ ကောင်းကင်ကြီးထဲမှာ ပျံသန်းနေတဲ့ ငှက်တစ်ကောင် လိုပဲ ... ကောင်လေးလဲ ပျံသန်းနေတယ် ...။ လောကကြီးအကြောင်းကို သိဖို့  ...နေရာစုံကို... ရွက်လွှင့်ခဲ့တယ် ... ထောင့်ပေါင်းစုံက လေ့လာခဲ့တယ် ... ။ ကောင်လေးရဲ့ သိလိုမှုတွေ က အဆုံးမသတ် နိုင်ဘူး ...။ စူးစမ်းမှုတွေက အားရတယ် မရှိဘူး ...။ ကျွန်တော်လဲ ကောင်လေးနဲ့ အတူ သင်ယူခဲ့တယ် ...။
ဘယ်ကိုသွားရဦးမှာလဲ .... ဘယ်မှာ အဆုံးသတ်မှာလဲ...
တနေရာကထွက်ခဲ့ရင် ... ကောင်လေးဘယ်ကို ခရီးဆက်ဦးမလဲ... ဘယ်လောက်ကြာမလဲ ... ဘယ်လို အဆုံး သတ်မလဲ .... ကျွန်တော် တိတ်တိတ်လေး စောင့်ကြည့်ရင်း ... ရင်မောနေခဲ့ရတယ် ...။

ရက်စက်တဲ့ လမ်းများ အဝေးမှာ ... ခေါ်သံတွေကြား …. ပြေးထွက်ခဲ့ ငြင်းမရပါလား ...
ကောင်လေးလျှောက်ခဲ့တဲ့... လမ်းတိုင်းက မချောမွေ့ ဘူး ... ။ လမ်းကြမ်းတွေပေါတယ် ... ချိုင့်တွေ ပေါတယ် ... စိန်ခေါ်မှုတွေပေါတယ် ... ရက်စက်မှုတွေစောင့်နေတယ် ... ။ ရှောင်သွားလို့ မရဘူး ... ထွက်ပြေးလို့ မရဘူး ... ငြင်းဆန်ခွင့် မရှိဘူး ... ။ ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့  ရင်ဆိုင်ခဲ့ရတယ် ... ။ အကြိမ်ကြိမ် ပြိုလဲတော့မလိုဖြစ်ခဲ့တယ် ... ။ ဒါပေမယ့် ခုချိန်ထိ ကောင်လေး လဲမကျသေးဘူး ...။

အဖြူရောင် မင်းရဲ့ဘ၀လေး .....
နေခဲ့တော့......
တခါက ... ကောင်လေးရဲ့ ဒိုင်ယာရီ စာအုပ်လေးကို ... ကျွန်တော်မေးကြည့်တယ် ... ။ ကောင်လေးက ချစ်သူလေးကို ဘာလို့ ထားခဲ့တာလဲ ... လို့  … ကောင်လေးကပြောတယ်တဲ့ ... ချစ်သူလေးရဲ့ အဖြူရောင်ဘ၀လေးကို ... သူ့ ကြောင့် မညစ်နွမ်းစေချင်ဘူး ... မရေရာတဲ့ ဘ၀ထဲကို ... ဝေေ၀၀ါးဝါးနဲ့ ဆွဲမခေါ်ချင်ဘူး ... လန်းဆန်း နေတဲ့ အပြုံးလေးတွေကို ..သောကတွေနဲ့ မနွမ်းသွားစေချင်ဘူး တဲ့ ...။ ဒါကြောင့်.. “နေခဲ့တော့” တဲ့ ။

ငါ့အတွက်မေတ္တာတရားတွေရှိဦးမလား....
တခါတလေ ရင်ဆိုင်ရတာတွေက ခါးသီးလွန်းလို့ .... “ငါ့အတွက် ချွေးသိပ်စရာနေရာမှ ရှိသေးရဲ့လား ... ငါ့အတွက် မေတ္တာတရားဆိုတာရနိုင်ပါ့မလား ... ” လို့ ကောင်လေးက ... ညည်းတွားတတ်သေးတယ် ...။

ဒါဟာအဆုံးသတ်ခြင်းတစ်ခုလား .... ဒါဟာအစပြုခြင်းတစ်ခုလား...
ကောင်လေးရဲ့ ကျောပိုးအိတ်လေး ကျွန်တော်ကတော့ ... အခုကောင်လေးရပ်နေတဲ့နေရာဟာ ..ကောင်လေးရဲ့ ခရီးဆုံးသွားတာလား ... နောက်တစ်ခုကို စဖို့ အားယူနေတာလား ... ဘယ်တော့မှ မခန့်မှန်းနိုင်ခဲ့ ဘူး ။ ကောင်လေး ကိုယ်တိုင်လဲ သေချာမသိဘူး ... ။

လေလွင့်ခြင်းလမ်းမများ ….. လေလွင့်ခြင်းလမ်းမများ…..လေလွင့်ခြင်းလမ်းမများ
ဘာပဲဖြစ်ဖြစ် လေလွင့်နေတဲ့ ကောင်လေးရဲ့ .... အရောင်လွင့်နေတဲ့ ကျောပိုးအိတ်တစ်လုံးအဖြစ် .. လေလွင့် နေရတာ ... ကျွန်တော်သိပ်ကျေနပ်ပါတယ် ... ။ ။

မှတ်ချက်................  မလေးမ ရဲ့ပို့စ်လေးကိုကြိုက်လို့ ဝေမျှပေးတာပါ ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com6tag:blogger.com,1999:blog-8761051935949226451.post-28246577514080591562009-03-28T00:53:00.002+07:002009-03-28T00:57:35.361+07:00ကျနော်နဲ့ သူငယ်ချင်းများကျနော်နဲ့သူငယ်ချင်းများ ဆိုလို့ အများကြီးထင်နေအုံးမယ် ကျနော့်မှာသူငယ်ချင်းက လက်၅ချောင်းတောင်မပြည့်ဘူး။ အငယ်တုန်းကတော့ ကစားဖော်ခလေးတွေ တစ်ယောက်တစ်နယ်ဆီပြောင်းတော့ပြန်တောင်မတွေ့တော့ဘူး ။ တကယ်တော့ သူငယ်ချင်းဆိုတာ မရှိမဖြစ်ပါပဲ လူမှုအသိုင်းဝိုင်းထဲ ကျင်လည်ကြရတဲ့သူတွေမို့ အပေါင်းဆိုတာလိုမြဲပါ ။ ကျနော့်ကိုလား ဘယ်တစ်ယောက်ကမှ ခင်ခင်မင်မပေါင်းဖူးရယ် ဘောကန်ဖို့လာခေါ်ရင် ဂိုးစောင့်ပေးတယ်ပြီးတော့ဖမ်းမရဲလို့လွှတ်ပေးလိုက်နဲ့ ရှုံးကော အဲ့တော့ နောက်တစ်ခါဘယ်သူကမှမခေါ်တော့ အဲ့လောက်ထိ အားကစားမှာတော်တာ..။ အော်. မေ့လို့ ခြင်းတော့ရတယ် ခြင်းလုံးကောက်တာကိုပြောတာပါ ခတ်တာတော့မဟုတ်ဘူး ။

အထက်တန်းကျောင်းတက်တော့လည်း အလယ်တန်းလောက်က ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေက ယူတဲ့ဘာသာတွဲမတူတော့ မပေါင်းဖြစ်တော့ဘူး ကျနော် ၉ တန်းနှစ်ကစပြီး သူငယ်ချင်းတစ်ယောက် ကိုယ်နဲ့စိတ်တူကိုယ်တူ ပေါင်းဖြစ်တဲ့တစ်ယောက်ပါပဲ တစ်ခုံတည်းထိုင်တယ် ပြီးတော့ စာတူတူကျက်တယ် မုန့်စားသွားလည်းတူတူ ညဏ်ရည်မကောင်းကြသူချင်းမို့ သူများတွေထက်တော့ ပိုကြိုးစားကြတယ် ။ ၉-၁၀ တန်း ၂နှစ်စလုံးမှာ သူနဲ့ကျနော်တစ်ခါပဲ စကားများဖူးတယ် အဲ့တာကလည်း ကျနော်က သတိလက်လွတ်ထိုင်ချလိုက်တုန်း သူက ခုန်ကို ဖမ်းရွှေ့ထည့်လိုက်တာ “အု”ခနဲဆိုတဲ့ အသံထွက်ပြီး လူလည်းအောင့်သက်သက်ဖြစ်သွားတာ ကျိုးကုန်ပြီး နဂိုတည်းက အရိုးပဲရှိတာဆိုတော့ ။ တစ်ခါခါဆို ကျူရှင်ချိန်နောက်ကျနေပြီး ဆိုင်မှာ လူရှုပ်လို့ စားပွဲဝိုင်းထိုးနေရရင် သူငယ်ချင်းက ၀င်ကူရတဲ့အဖြစ် ။

အရမ်းကိုခင်ခဲ့တဲ့သူငယ်ချင်း သူတို့ခြံထွက်သီးနှံ ဦးဦးဖျားဖျားလေးတွေ အမြဲလာပို့ပေးတတ်တယ် တက္ကသိုလ်တွေတက်ကြတော့လည်း တွေ့မြဲပါပဲ ။ဒါပေမယ့် သူဦးဇင်းဝတ်သွားပြီးတည်းက တစ်နေကုန်အောင်စကားထိုင်မပြောဖူးတော့ဘူး ။သူကတော့ ရွေးချယ်လိုက်တဲ့ လမ်းကလေးမှာ တကယ့်ကို ငြိမ်းချမ်းမှု အစစ်မှန်နဲ့ နေသားတကျပါပဲ အိမ်ပြန်တိုင်း သူ့ကျောင်းကို ရောက်အောင်သွားခဲ့ပေမယ့် တရားချိန်တွေများလို့ တွေ့ရတာ ၁၅ မိနစ်လောက်ရယ် ။ ဦးဇင်းလို အေးချမ်းတဲ့ ဘ၀လေးကို အားကျတယ် လိုက်တော့မလုပ်နိုင်သေး ။ ဦးဇင်းအကြောင်း  ဒီမှာ ရေးဖူးပါတယ် ။

နောက်တစ်ယောက် ဒီဘလော့စာမျက်နှာပေါ်မှာ ကုန်ကြမ်းဖြစ်ဖြစ်သွားရတဲ့ နာမည်ကျော် ကိုရွှေမျက်မှန် စာရေးလာရင် အစချီတည်းက “ သို့...အာပြဲ --- ငါသတိမရပေမယ့် သတိရဟန်ဆောင်ပြီင်္းစာရေးလိုက်တယ် အမြဲသတိရတယ်ဆိုတာ ဘယ်သူပြောပြော ငါမယုံလို့မပြောတာ့ဘူး......(ဘာညာ သရကာ နေကြာကွာစေ့ )........ မင်းရဲ့ သူငယ်ချင်း “ဂျွန်မှန်စော” ” ။ အဲ့လို အဲ့လို ခုတော့ သူ့စာတွေမဖတ်ရတာတော်တော်ကိုကြာပြီး ။ သတိရမိပါတယ် သူ့အကြောင်းတွေ ကျနော် အများကြီးရေးဖူးတယ် သူဟာလည်းကျနော့်ရဲ့ ၂ ယောက်မြောက်သော မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်ပါ ။  ဒီမှာ ဖတ်လို့ရတယ်ဗျ ကျနော်တော့ မျက်မှန်ကို သတိရတိုင်း ဒီပို့စ်လေးတွေဖတ်ပြီး ရယ်နေကျး) ။ရုပ်ဆိုး၂ကောင်ပုံ ။

နေ့လည်က တင်ထားတဲ့ “ပြန်စာတစ်စောင် ” အဲ့ကိစ္စ ဟဟား ၀တ္ထုလို့ ဗြောင်လိမ် ဗြောင်စားတင်လိုက်ပေမယ့် ပို့စ်က ပေါ်တင်ကြီး :P ပြန်စာပို့တဲ့ သူငယ်ချင်းက ၀မ်းနည်းလို့တဲ့ အသံပြဲကြီးနဲ့ အော်ငိုပြီး မျက်ရည်တွေ ဒလဟော စီးကျနေတာနဲ့ သနားသွားလို့ဖျက်လိုက်တယ် ( ဤလိမ်သော သစ္စာစကားကြောင့် ပဲနို့စက်ရုံတစ်ရုံ တည်ထောင်ရပါလို၏အရှင်ဘုရား ) ကော့မန့်ပေးသွားကြတဲ့ ၅ ယောက်ကို အထူးတောင်းပန်ပါတယ်ဗျာ ။ တကယ်တော့ သူငယ်ချင်းတွေကြားမှာ နားလည်မှုဆိုတဲ့ လွယ်ကူတဲ့ အရာတစ်ခုပဲ လိုအပ်ပါတယ် ။ ကျနော်သူ့ကို နားလည်ပေးလိုက်ပြီး ဘာမဟုတ်တဲ့ စာလေးတစ်စောင်ကြောင့် သူငယ်ချင်းတစ်ယောက် ဆုံးရှုံးရမှာတော့မလိုလားဘူး။

ဟူး...နောက်တောင်ကျနေပြီး 12.53AM တဲ့ အိပ်တော့မှ မနက်အလုပ်ရှိသေးတယ် ဒီပို့စ်ရေးတာက အထီးကျန်လွန်းတဲ့ ကိုယ့်ကိုယ်ကို သနားလို့ပါ ။ တိုင်ပင်စရာ နီးနီးနားနားသူငယ်ချင်းက တစ်ယောက်မှမရှိ ညနေပိုင်း အလုပ်ဆင်းလို့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ စကားတူတူပြောဖို့ ကျားသဘာဝ မ တို့အကြောင်း အာချောင်ဖို့ ဒီလို သူငယ်ချင်းမျိုး အနားမှာ တစ်ယောက်မှမရှိပဲ နှစ်နဲ့ ချီနေရတဲ့ ကျနော့်ကိုယ် ကျနော် သနားမိတယ် ။ သူငယ်ချင်းလား ...မေ့နေလို့ရှိပါတယ် ခုတော့ တူတူအိပ်ဖို့ သူခေါ်နေပြီင်္း “ တောက်တဲ့ ..တောက်တဲ့ လာတော့ လာတော့ ” တဲ့ အိပ်တော့မယ်ဗျ အားလုံးဂွဒ်နိုက် သူငယ်ချင်းတွေကို သတိရလို့ ဟိုရောက် ဒီရောက် လိုက်ရေးတာပါ ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com16tag:blogger.com,1999:blog-8761051935949226451.post-85429243885836738002009-03-27T13:07:00.000+07:002009-03-27T13:07:00.555+07:00ကြည်လင်တဲ့ကောင်းကင်
ကောင်းကင်ကနေတစင်း
ဘယ်လိုပင်ပူပြင်း
ရင်တွင်းကအချစ်ဒဏ်ရာ
နေတပျောက်ပေမယ့်
သေလောက်အောင်ခံစားတယ်။

ကောင်းကင်ကရေတပေါက်
ခမ်းခြောက်တာပပျောက်စေပေမယ့်
ရင်တွင်းကအလွမ်းမိုး
နွမ်းညိုးတာကိုပိုစေတယ် ။

ကောင်းကင်ကလတစင်း
အရာရာကိုထွန်းလင်းစေပေမယ့်
ရင်းတွင်းကချစ်သူ့ပုံရိပ်
အလုံပိတ်ထားတာတောင်
လင်းလက်အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ်။

ကောင်းကင်ကအဟောင်းတွေကို
အသစ်မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှချစ်ခြင်းများကို
ပျက်ယွင်းဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ်သစ်လွင်တောက်ပမှုတွေနဲ့
မော့ကြည့်လိုက်တိုင်း ကောင်းကင်က ကြည်ကြည်လင်လင် ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com10tag:blogger.com,1999:blog-8761051935949226451.post-71957564483744570882009-03-26T17:19:00.002+07:002009-03-26T17:28:51.222+07:00အစ်မမိတ်ဆွေတို့ရဲ့ ဘ၀မှာ မိခင်နဲ့တူတဲ့ အစ်မတစ်ယောက် ၊ ကိုယ့်ရဲ့အနွံ့တာကိုခံပြီး ကိုယ့်ဘက်ကအမြဲတမ်းရပ်တည်ပေးတတ်တဲ့ အစ်မတစ်ယောက်ပိုင်ဆိုင်ဖူးပါသလား ။ကျနော့်မှာတော့ဒီလို အစ်မမျိုးတစ်ယောက်ပိုင်ဆိုင်ခဲ့တယ် သူမ အမြဲအဆင်သင့်ရှိနေတတ်တယ် နေမကောင်းဖြစ်တဲ့အချိန် ဈေးက ကျနော်ကြိုက်တတ်တဲ့ ခေါက်းဆွဲသုတ်စပ်စပ်လေးတစ်ထုတ်လောက် သူ့ဈေးရောင်းခထဲက ၀ယ်ပေးတတ်တယ် ။ အသားဟင်းမပါရင် ဂျီကျတတ်တဲ့ ကျနော့်ကို ဘာမှမရှိရင်တောင်ဘဲဥလေးတစ်လုံးပြုတ်ပေးနေကြ ။ အစ်မနဲ့ ကျနော့်ကြားမှာ အမှတ်ရစရာအကြောင်းရာတွေ တော်တော်များပါတယ် ။

အစ်မဈေးရောင်းတယ် တောတိုးတယ် ( တောတိုးတယ်ဆိုတာ တောရွာတွေဘက် ပိုင်ရှင်ဘယ်သူမှန်းမသိသော ဧကထောင်ပေါင်းများစွာကျယ်ဝန်းတဲ့ တောထဲမှာ ထင်းခွေခြင်း ၊ ရာသီပေါ် အသီးရွတ်များ ခူးခြင်း) ။ ခြံထဲမှာ စိုက်ထားတဲ့ ငရုတ်သီးလေးတွေ ၊ ပဲသီး ၊ခရမ်းသီး မြို့ပေါ်ဈေးမှာ မနက်စောစောတက်ရောင်းတယ် ညနေပိုင်း မြို့ကအဒေါ်အိမ်မှာ မောင်နှမနှစ်ယောက် ဈေးတောင်းတွေသယ်ပြီး သွားကြိုအိပ်တယ် နောက်ကျရင် ဈေးမကောင်းတော့ အဒေါ်ရဲ့ မီးဖိုချောင်ခန်းလေးထဲ မောင်နှမနှစ်ယောက် စောင်ကြမ်းလေးတစ်ထည်နဲ့ ကျောချင်းကပ်လို့ အဖြူရောင်မေတ္တာတွေနဲ့ နွေးထွေးခဲ့ကြတယ် ။ မနက် ၄ နာရီ ဘုန်းကြီးကျောင်း တုံးခေါက်သံကြားတာနဲ့ အစ်မက ငေါက်ခနဲထထိုင် ဈေးတောင်းပြင်နေပြီး “ခလေး ထတော့ အစ်မတို့ဈေးထွက်ရအောင် ” မျက်လုံးကမပွင့်တပွင့် အိပ်လည်းအိပ်ချင်တယ် ငိုမဲ့မဲ့ဖြစ်နေတဲ့ကျနော့်ကို “ ဈေးဦးပေါက်ရင် ခလေးကြိုက်တဲ့ ဘိန်းမုန့်ဝယ်ကျွေးမယ်လေ ” ပြူးသွားပြီး မျက်လုံး မီးအုပ်ဆောင်းလေးကိုကိုင်ပြီး အစ်မက ဈေးတောင်းလေးကို ရွတ်လို့ သူ့ဇတ်ကလေးတောင်ပုနေပြီး အစ်မသနားပါတယ် အဲ့ဒီတုန်းက အစ်မအသက် (၁၃)နှစ် ကျနော်က ၁၀ မပြည့်သေး ဒါကျနော်တို့ရဲ့ခလေးဘ၀နေ့ရက်တွေပေါ့ ။

အနေအေးပြီး အိမ်အလုပ်တွေပဲ စိတ်ဝင်စားတတ်တဲ့ အစ်မ ကျနော်ဘာလုပ်လုပ် သူသိနေတတ်တယ် ။ဘယ်သူနဲ့ရန်ဖြစ်ခဲ့လဲ ဘယ်သူ့သရက်ပင်ပေါ်သွားခိုးတတ်ခဲ့တယ် သူကုန်ကိုသိနေတာပါပဲ ။ သင်္ကြနားနီးရင် ကျနော့်အတွက် အ၀တ်စားတစ်စုံလောက်ဝယ်ပေးချင်လို့ နွေနေပူထဲ ယားလွန်းတဲ့ ပဲခင်းထဲဆင်း ငါးပိကြော်လေးနဲ့ ထမင်းထုတ် မနက် ၅ နာရီကနေ ညနေ ၅ နာရီထိ တစ်ခါခါတော့ ကွမ်းစီလိုက်တယ် တစ်နေ့လုံးအညောင်းချိအောင် ကွမ်းထိုင်စီမှ ရတဲ့နေ့ထွက်လေးက ၄၅ ကျပ်။ သူ့မှာ အချစ်ရေးတွေမသိပါဘူး သူချစ်တဲ့ မောင်အတွက်ဆိုတဲ့ အရေးနဲ့ပဲသူ့မှာပင်ပန်းနေခဲ့ရတာ ။ အစ်မအပျိုဖျန်းလေး လှသွေးကြွယ်တဲ့ အရွယ်ပေါ့ ရွာထဲက ကာလသားတွေ ယောက်ဖလေးလို့ခေါ်ရင် ကျေနပ်နေတတ်ပြီး မုန့်ညာစားတတ်တဲ့ကောင်က အစ်မကိုပေးရမှာတော့သေလောက်အောင်ကြောက်တယ်။အစ်မ..မရှိရင် ကျနော့်အ၀တ်တွေ ဘယ်သူလျှော်ပေးမှာလဲ ရိုက်ခံထိရင် ဘယ်သူက ရှေ့ကကွယ်ပေးမှာလဲ...ဟင်အင်း အစ်မ မရှိပဲကျနော်မနေတတ်ဘူး ။

အစ်မကို..ယောက်ျားပေးစားတော့မှာတဲ့ တော်ရမယ့်ယောက်ဖဘက်ကမိဘတွေနားလာဖောက်တယ်.... အဲ့နေ့က ငိုလည်းမငိုဘူး ရယ်လည်းမရယ်ဘူး အိမ်မှာအမျိုးတွေစုံပြီး
ရှုပ်ရှက်ခပ်လေ လူကအလိုလိုနေရင်း ဒေါသထွက်လေ အဲ့ဒီညက ထမင်းမစားပဲကျနော့်ရင်ဘတ်ကြီးပြည့်နေတာ ဘာကြောင့်ပါလိမ့် ဆိုင်သာဆိုင်မပိုင်တော့ဘူးပေါ့ဆိုတဲ့စကား ဒါကိုပြောတာလား ။ တစ်နေကုန်ရွာထဲလိုက်ဆော့တယ် အစ်မကိုလည်း စကားမပြောသလို ဘယ်သူ့ကိုမှလည်းမပြော ။တစ်ည တော်ရမယ့်ယောက်ဖအိမ်လာလည်တဲ့နေ့ မီးဖိုထဲက ပန်းကန်တွေကို တစ်ချပ်ချင်းပစ်ခွဲ ပစ်လိုက်တယ် အိမ်ရှေ့ကလူတွေအလန့်တကြားနဲ့ ပြေးဝင်လာပေမယ့်တစ်ယောက်မှ စကားမဟဘူး ။ အစ်မက မှောင်ရိပ်ထဲ တိတ်တိတ်လေးငိုနေတယ် ပြီးတော့ ကျနော့်နားတိုးလာပြီးစကားစလာတယ် “ခလေး” သူ့ခေါ်သံမဆုံးခင် ကျနော့်လည်ပင်းကြောတွေ ကွဲသွားအောင် အော်ပစ်လိုက်တယ်...“သွားးးးးးးးးး ကျနော့်အနားမလာနဲ့ ” လက်ထဲကနောက်ဆုံးကျန်တော့တဲ့ ပန်ကန်ကိုပစ်ခွဲလိုက်တဲ့အချိန် မနေသာတော့တဲ့ အဖေက “အငယ်ကောင်..မင်း ခလေးက ခလေးလိုနေ လူကြီးတွေကိစ္စ ၀င်မပါနဲ့ ” တော်ပြီး အားလုံးကိုမုန်းတယ် ။ မင်္ဂလာဆောင်တဲ့နေ့ ကျနော်ဖျားချင်ယောင်ဆောင်ခဲ့တယ်အစ်မ အိမ်ထောင်ကျတော့ သူ့အသက် (၁၈)နှစ် ။

အစ်မ..သူစိမ်းတစ်ယောက်ရဲ့ဇနီးမယားဖြစ်သွားပေမယ့် ကျနော့်ကိုတော့ ဂရုစိုက်မြဲ ပုံနေတဲ့ အ၀တ်တွေလာယူလျှော်ပေးမြဲ မပြေလည်တဲ့ လက်လုပ်လက်စားလေးတွေဖြစ်ကြပေမယ့် ကျနော့်အတွက် ကျူရှင် ၂ ဘာသာဖိုးလောက်ကိုတော့အစ်မကလတိုင်းလာလာပေးတတ်တယ်။အစ်မ အဆင်ပြေနေရင်ကျနော်ပျော်ပါတယ် သူ့တို့မိသားစုလေးအကြောင်းကိုတော့ကျနော် အမြဲနားစွင့်နေတတ်တယ် ။ နှစ်တော်တော်ကြာ ယောက်ဖနဲ့ မျက်နှာချင်းမဆိုင်သလို စကားလည်းမပြောပါ ။ နေသားတကျဖြစ်သင့်တဲ့အချိန်တန်ပေမယ့် ကျနော့်စိတ်တွေက အသားမာတတ်သွားပြီးရယ် အစ်မလည်း ခလေးတစ်ယောက်ကနေ နှစ်ယောက်တောင်ရလာပြီး မိသားစုအရေး ဇနီးကောင်း မိခင်းကောင်းတာဝန်တွေ ထမ်းဆောင်နေရပေမယ့်ကျနော့်အတွက်လည်း အစ်မကောင်းတစ်ယောက်ဖြစ်အောင် သူကြိုးစားနေမြဲပါ။

ကျနော် ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်လို့ဆိုသာတဲ့အခြေနေရောက်ပေမယ့် တူမလေးတွေ မုန့်ဖိုးကလွဲပြီး တခါမှ အစ်မကိုမထောက်ပံ့ဖူးဘူး ။ အစ်မကလည်း ဘယ်တော့မှ အကူညီမတောင်းလာပါ ။ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပိုင်းလောက်ကစပြီး အလုပ်အကိုင်တွေအဆင်မပြေတော့တာ သတိထားမိတယ် ယောက်ဖလည်း ရှိသင့်တဲ့အရွယ်ထက်ပိုမိုအိုစာနေတယ် အစ်မကလည်း နားပေါက်ဟောင်းလောင်း ပြီးတော့ သူ့ဗိုက်ထဲမှာနောက်ထပ် ခလေးလေးတစ်ယောက် ။ရွာကို ကျနော်ရောက်တယ်ကြားတာနဲ့ အပြေးလေးလာတဲ့ ကျနော့်တူမလေး
“ ဦးသားလေး...အမေက နွားနို့ထဲ ထန်းလျက်ခဲထည့်ကျိုထားပေးတယ် အဲ့တာလာသောက်တဲ့ ”
“နင့်..အဖေ ရှိလား ”
“ဟုတ်...ရှိတယ် ”
“အဲ့တာဆို..မလာဘူးလို့သွားပြောလိုက်”  အမေက ဘယ်လိုပြောလိုက်တာလဲဆိုပြီး လှမ်းဟောက်တယ် ငိုမဲ့မဲ့လေးနဲ့ ပြန်သွားတဲ့ တူမလေးကို လည်းမသနားတတ်ပါ ကျနော်အသဲမားသလား ? ခဏနေတော့ ထပ်ရောက်လာတယ် “ဦးသားလေး..အဖေ ခြံထဲဆင်းသွားပြီး လာတော့တဲ့ ” မပြုံးပဲမနေနိုင်အောင် ဒီခလေးတွေ လာလုပ်နေတယ် သူတို့မှာ အပြစ်မရှိတာ သိသိကြီးနဲ့ ။

အစ်မကို မြင်တော့ ၃၀ မပြည့်သေးတဲ့ အစ်မက အရွယ်တွေကျသွားလိုက်တာ ကျနော့်ရင်ဘတ်ထဲဆို့နင့်သွားတယ် ။တစ်ခါမှ မမေးဖူးတဲ့ အစ်မတို့ မိသားစုအကြောင်း ပထမဆုံးအကြိမ်မေးဖူးခြင်းပဲ အလုပ်ကိုင်တွေမကောင်းတဲ့အကြောင်း ခလေးတွေကျောင်းစရိတ်နဲ့ အကြွေးတွေရှိတဲ့အကြောင်း ။ပြီးတော့ အစ်မပြောတဲ့စကားက  “စိတ်မညစ်ပါဘူး လူမသေ ငွေမရှား အစ်မတို့လည်းလုပ်နေတာပဲ သူများတွေလိုသုံးဖြုန်းနေတာလည်းမဟုတ် အဆင်မပြေတာတော့မတတ်နိုင်ဘူးလေ” တဲ့ ပြီးတော့ သန်းမရှိတဲ့ကျနော့်ခေါင်းကို အစ်မအကြာကြီးရှာနေတယ် အစ်မ ကျနော့်ကိုသတိရနေတာပဲ ။ အဲ့နေ့က အစ်မကို နှုတ်ဆက်ပြီးပြန်လာတော့ ကျနော့်ရင်ထဲဆို့နင့်နေတယ် ။ အစ်မက အစ်မကောင်းတစ်ယောက် ပီသပေမယ့် ငါက မောင်တစ်ယောက်ပီသရဲ့လားဆိုတဲ့ မေးခွန်းကလည်း အထပ်ထပ် နဲ့ပေါ့။

ပြီးခဲ့တဲ့တစ်ပါတ်လောက် အစ်မ နောက်ထပ် သမီးလေးတစ်ယောက်မွေးတဲ့အကြောင်းကြားလိုက်တယ် ။အဆင်မှပြေပါ့မလား စိုးရိမ်စိတ်လေးနဲ့ မဖြစ်စလောက် ငွေလေးနည်းနည်းရယ် စာတိုလေးတစ်စောင်...

“အစ်မ....နေကောင်းရဲ့လား ကျနော်လည်း အလုပ်အဆင်ပြေရင် ပိုက်ဆံလေးစုပြီး အကြွေးတွေ ၀ိုင်းဆပ်ပါ့မယ် ။ ပြီးတော့ ခလေးလည်းထပ်မယူပါနဲ့တော့ စီးပွားရေးအဆင်မပြေပဲ ခလေးပဲယူနေတာ ကျနော်စိတ်ညစ်တယ် ။ အစ်မမောင်...အဝေးတနေရာမှ ”

ကျနော့်စာထဲမှာ အမိန့်သံတွေပါနေသွားသလိုပဲ ဒါပေမယ့် ကျနော့်စာရရင် အစ်မပျော်မှာပါ သူ့ဘ၀မှာ အချစ်ဆုံးလူသားတွေထဲ အချစ်ဆုံးမောင်ဆိုတာ ကျနော်တစ်ယောက်ထဲပဲရှိတာ ။ အစ်မ..ကိုကျနော်ချစ်ပါတယ် စကားလုံးနုနုတွေ မပြောဖြစ်တာ ဘာလို့လဲဆိုတာ ကိုယ်တိုင်လည်းမသိပါဘူး စိတ်ထဲမှာတော့ ချစ်ရတဲ့ အစ်မတို့မိသားစု အဆင်ပြေပါစေဆိုတဲ့ဆုတောင်းသံတွေအထပ်ထပ်နဲ့ ပဲ့တင်သံတွေကို ကျနော်တစ်ယောက်တည်းကြားနေရတယ် ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com21tag:blogger.com,1999:blog-8761051935949226451.post-83461235148413627282009-03-25T10:32:00.002+07:002009-03-25T23:52:00.636+07:00အခန်းထဲမှာ....ဒီအခန်းထဲကို စရောက်တာ ဒီလိုနွေဦးမှာပေါ့ ရောက်စက နေပြောက်တွေ အရမ်းထိုးလို့စိတ်ညစ်ခဲ့ရတဲ့နေ့တွေတော်တော်များတယ် ပြီးတော့ အခန်းက အပေါ်ထပ်ကိုတက်တဲ့ လှေခါးနားနီးတော့ နေချင်သလို လွတ်လွတ်လပ်လပ်တော့မဟုတ်။အခု.. ဒီအခန်းလေးကို နှစ်သက်တတ်နေပါပြီး သုံးနှစ်သုံးမိုး ပျော်ရွှင်ခြင်းတွေနဲ့ ထိုးသိပ် ၀မ်းနည်းခြင်းတွေနဲ့ ငိုကြွေးစေခဲ့တာလည်း ဒီအခန်းထဲမှာပါပဲ။ ကွဲအက်နေတဲ့ မှန်ချပ်တွေနဲ့ ပြတင်းပေါက်တစ်ချို့ ညညပိုင်း အိပ်မပျော်လို့ ပြတင်းပေါက်ဖွင့်ပြီး လေကောင်းလေသန့်လေး ရှူလိုက်မိရင်တော့ ခဏတာ လန်းဆန်းသွားစေတာအမှန် အစွန်ကျတာမို့ စာသောက်ဆိုင်တွေက ဆူဆူညံ့ညံ့အသံတွေကင်းတယ် ရဲတောက်တောက် လမ်းမီးတစ်ချို့ ခုလောလောဆယ် မှည့်နေတဲ့ ခေါင်းရင်းခြံလွတ်က သရက်သီးတွေကိုတော့ စားချင်နေမိတယ်။

အခန်းလေးထဲမှာ ပိုင်ဆိုင်သမျှအရာကတော့တန်ဖိုးကြီးအရာတစ်ခုမှမရှိပါဘူး အ၀တ်စားဗီရိုခပ်ဟောင်းဟောင်း အထဲမှာတော့ တောက်ပြောင်တယ်လို့လည်းမဆိုသာ သစ်လွင်တယ်လည်းမဟုတ်ပဲ တော်ရုံအ၀တ်စားတစ်ချို့ အရမ်းကြိုက်တဲ့ အဖြူရောင်ရှပ်လေးတွေရှိတယ် ပြောက်ကျားအစင်းနဲ့ အကျီင်္တချို့ ကျပ်၁သောင်းမကျော်တဲ့ ဂျင်းပင် ၆ ထည်လောက်ပါပဲ မြန်မာမှုကိုချစ်တတ်သူမို့ အဖြူရောင်လည်ကတုံးလေးတစ်ထည် အပြာကွက်လုံချည်တစ်ထည်နဲ့ သဲကြိုးအနီလေးနဲ့ ကတ္တီပါ ဖိနပ်တစ်ရံ ။ ဗီရိုထောင့်မှာတော့ အ၀တ်စားအိတ် ၂ အိတ် မသုံးတော့တဲ့ချောင်ထိုးပစ္စည်းတွေ။ အ၀တ်ခြင်းနှစ်ခြင်း တစ်ပါတ်တစ်ခါလျှော်တာမို့ညှင်သိုးနံ့တွေထွက်နေတဲ့ အ၀တ်ခြင်းပါ ။

စပလိန်ကုတင်လေးတစ်လုံး ခေါက်သိမ်းလို့ရတာမို့ နေရာကျဉ်းမှာတော့စိတ်ပူစရာမလို ။ပိုင်ဆိုင်တဲ့ အရာများတာကတော့ ဆေးပါပဲ အစာအိမ်နာတတ်တာမို့ နေ့တိုင်းမပျက်သောက်ရတဲ့ (omeprazole) ဆေးကဒ် ၊ ခေါင်းခဏခဏကိုက်တတ်လို့ အကိုက်ခဲပျောက်ဆေးရယ် ခေါင်းကပ်ပလာစတာရယ် ကပ်ပါများလို့ တစ်ခါခါနားထင်မှာအနာပါဖြစ်တယ် ( ဒီတစ်ခါ ခေါင်းကိုက် ခုတ်ဖြတ်လိုက်ပါတဲ့ ) ။
ထွန်းရွှေဝါ လိမ်းဆေး အဘထရှူဆေး စိတ်ပူလို့အိမ်ကပို့ပေးထားတဲ့ချက်ဆေး မာတာမိခင်ကတော့ပြောတယ် “ နန်းမတော်မောင်နု ဒါတွေမရှိရင်စိတ်ပူတယ်” တဲ့ ။

နှစ်သက်လို့တန်ဖိုးထားသိမ်းထားတဲ့ ခြင်းပြာလေးထဲမှာတော့ ချစ်တဲ့သူတွေရဲ့ ဓာတ်ပုံ၊ တခါပဲ ထည့်ရသေးတဲ့ ဘဏ်စာအုပ်အသစ်စက်စက်လေး ကြိုက်မိတဲ့ ကဗျာတွေကို ပရင့်ထုတ်ထားတဲ့ စာရွက်တွေ ၊ ဆရာတော် ဦးဇော်တိက ရဲ့ စာအုပ်တွေ စိတ်ညစ်တိုင်း စိတ်အဟာရဖြစ်စေတဲ့ စာအုပ်တွေပါ ။ အကြွေစေ့ထည့်ထားတဲ့ ဗူးသေးသေးတစ်ဗူး ကုန်ပြီး ဘာကျန်သေးလဲ ပိုင်ဆိုင်တာဆိုလို့ ။ အော်...ကျန်သေးတယ် သူမရှိလို့မဖြစ်ဘူး သူလေ ကျနော့်ချစ်သူ ပဲနို့ ၊ ၅ ဘတ်တန်လိမ္မော်ရည်ပုလင်း ၊ ဗိုက်ဆာရင်စားဖို့ မုန့်နည်းနည်း ။ ဒါပဲ ရယ် ချမ်းသာတာ ။

ပျော်နေတဲ့ အချိန်တော့ အခန်းနဲ့ အဝေး မေ့ချင်ယောင်ဆောင်ထားတယ် အလုပ်မဟုတ်တဲ့အလုပ်တွေရှုပ် အခန်းကို ဥပက္ခာ ..အဆင်မပြေတော့ဘူးလား အခန်းတံခါးပိတ် မလျှော်တာကြာတဲ့ အနံ့မကောင်းတော့ တဲ့ စောင်ပါးလေးကို မျက်နှာပေါ်အုပ်ပြီး စောစော အိပ်ဖြစ်နေတယ် ။ ငါလာတိုင်း မမောင်းထုတ်တဲ့ အခန်းလေးကို ကျေးဇူး နောက်ဆို မင်းကိုပဲအဖော်ပြုတော့မယ် ပြီးတော့ မင်းရင်ခွင်မှာ စောစောအိပ်ပါ့မယ် ရင်ငွေ့နွေးနွေးပေးပါ ငါ့ကျောပြင်တွေ အေးစက်နေလို့ ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com15tag:blogger.com,1999:blog-8761051935949226451.post-64987013700123479522009-03-24T17:01:00.006+07:002009-03-25T10:47:45.940+07:00အလွမ်း
စိတ်ညစ်နေတဲ့အခါ
ကျနော့် ဆံပင်ကြမ်းကြမ်းတွေကို
ပွတ်သက်ပြီး အားပေးစကားပြောခဲ့ပေးတဲ့
ချစ်သူကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ဘယ်တော့မှ မျက်လုံးချင်းမဆုံခဲ့တဲ့
ချစ်သူရဲ့ ရီဝေေ၀ ညှို့မျက်ဝန်းတွေကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
သာလိကာလေးတစ်ကောင်လို
အနားမှ တွတ်ထိုးနေတတ်တဲ့
သာလိကာမလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
တခါမှ နမ်းရှိုက်ခွင့်မရခဲ့တဲ့
ချစ်သူရဲ့ နှုတ်ခမ်းပါးပါးလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ကွေးကောက်ကောက် ဆံနွယ်ပိုင်ရှင်
ကျနော့်နှလုံးသားမှာ နေရာယူထားတဲ့
ကောက်ကွေးမလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
လက်ချင်း တင်းတင်းဆုပ်
အချစ်စွမ်းအားနဲ့ စိတ်အင်အားတွေ စီးကူးစေတဲ့
ချစ်သူရဲ့ လက်ဖ၀ါးနုနုလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့ အခါ
ရင်ခုန်သံတွေ ထပ်တူကျ
တိမ်တွေကြားမှာေ၀၀ါးပျောက်ကွယ်သွားတဲ့
ချစ်သူရဲ့ ပုံရိပ်လေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ပိုင်ဆိုင်ခွင့်မရတဲ့
ချစ်သူရဲ့ ဆံစကနေ ခြေဖျားထိ လွမ်းတယ်

စိတ်ညစ်နေလို့ လွမ်းနေတယ် ချစ်သူရယ်.............။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com11tag:blogger.com,1999:blog-8761051935949226451.post-73849112721162998302009-03-24T10:38:00.002+07:002009-03-24T10:47:00.725+07:00အမှတ်တမဲ့အမှတ်တမဲ့ပါပဲ တစ်နေ့က ဘယ်လိုမှမထင်ထားတဲ့သူငယ်ချင်းတစ်ယောက်နဲ့အဆက်သွယ်ရလိုက်တယ် ။ နာမည်ကိုကတော့ ကြားဖူးနေတာကြာပြီး ခုမှပဲသိတယ်။ သူလည်း ဘလော့ရေးနေတာ ကျနော့်ထက်တောင်စောသေးတယ် သူ့ဘလော့က  မော်စီနှင့် သူ၏အိပ်မက်များ ။ သတိမထားမိကြတာ မော်လမြိုင်မှာ ကျောင်းတက်တုန်းက တစ်ခန်းတည်း တူတူနေခဲ့ကြတဲ့သူတွေပေါ့ မေဂျာတူတူ ကျောင်းသားက ၅၀ကျော်လောက်ပဲရှိတော့ ရင်းနှီးလွယ်တယ် သူက မုဒုံကကျောင်းကားနဲ့တက်တယ် ကျနော်တို့က အဆောင်နေကျောင်းသား ။ ကျောင်းနောက်က ဆည်မှာရေအတူတူသွားခိုးကူးခဲ့တဲ့သူငယ်ချင်း ဘလော့ပေါ်မှာ အမှတ်တမဲ့ပြန်ဆုံခဲ့ပြီး ။ဘလော့ရွာထွက်ရင် ဒီကို ပုံတွေအဲ့ကပဲယူထားတာပါ ။ရောက်သွားရာကနေ ပြန်တွေ့တာ ကျောင်းက ကိုယ့်ထက် စီနီယာတစ်ချို့ကိုလည်း သွားတွေ့မိတယ် ။

ဓာတ်ပုံတွေလိုက်ကြည့်ရင်း ကျောင်းနဲ့သူငယ်ချင်းတွေကို လွမ်းသွားမိတယ် ။ဘာမဟုတ်တဲ့ကျောင်းလေးတက်ဖူးတာကို ဇာချဲ့သလိုဖြစ်နေလားမသိ :)

ဒါက ကျောင်းသစ်ကြီး

ကျောင်းအ၀င်လမ်း( ကျောင်းပြင်မှာ ထမင်းစားပြီး အတန်းပြန်တက်ရင် အစာကြေဆေးစားစရာမလိုပါ မိနစ် ၂၀ လောက် လမ်းလျှောက်ရလို့)

အရမ်းချစ်ခဲ့တဲ့ ဆရာနဲ့ဆရာမ လင်မယားကိုလည်း ဂူဂယ်မှာ လိုက်ကြည့်ရင်းတွေ့တယ် ဆရာက Drawing သင်ပေးတယ် စကားပြောအရမ်းကောင်းတဲ့ဆရာတစ်ယောက်ပေါ့ ဆရာမက သချာင်္မေဂျာက ဌာနမှူး ရိုးရိုးအေးအေးနဲ့ လေးစားစရာအရမ်းကောင်းတယ်။
ဒါက work shop ခန်းတွေ

ဒါက ကျနော်တို့ အခန်းဆောင်တွေ

စာမေးပွဲဖြေရင် ဒီမှာဖြေတယ် ။

တောကြီးပါ ကျောင်းထဲမှာ သီဟိုပင်တွေ မလေးရှာပိတ်တောက်ပင်တွေနဲ့အုန့်၂မှိုင်း၂ ဂနိုင်တောကြီးပေါ့ ။ လမ်းသွားရင်း အပေါ့သွားရင်တောင် အေးဆေးပဲး) ။ အတန်းချိန်မှာ နဂါးနိုင်ဓားအကြောင်း ငြင်းခဲ့ကြတဲ့ အချိန်တွေ ၊ ဆရာက ရှေ့ကစာသင် ဘေးကသူငယ်ချင်းက အိပ်ငိုက်ပြီး ခေါင်းတညိတ်ညိတ်ဖြစ်နေတာကို ဆရာက ထောက်ခံတယ်ထင်ပြီးသဘောတွေကျတဲ့ အချိန်တွေကို လွမ်းမိပါရဲ့ ။ ကျူတိုရီရယ် ဖြေရင် စာအုပ်ကို ပေါင်ပေါ်တင် ခိုးချခဲ့တဲ့ အမှတ်တရ ၊ လက်တွေ့အချိန်မှာ အိပ်ငိုက်နေလို့ ကိုယ့်နာမည်လည်း ခေါ်ကော အပေါက်တွေ များလို့ ဘယ်ထိုးရမှန်းမသိတော့ ဆရာ့ကိုပြန်ပြောမိတာက “ ဆရာ..အပေါက်တွေအများကြီးပဲ ဘယ်ထိုးရမလဲ မမှတ်မိတော့ဘူး ” ။ ဆရာကတော့ power , voltage တွေအကြောင်း အားပါးတရရှင်းပြနေတာကို အိပ်ငိုက်နေလို့ အဲ့နေ့က roll-call မရလိုက်ဘူး ။

အဆောင်မှာလည်း ကျနော်က မဆိုးပါဘူး လိမ္မာမှ လိမ္မာ ...သူများကျွဲကော်သီးသွားခိုးရင် ဓာတ်မီးထိုးပြတာက လွဲလို့ ၊ ဖဲဝိုင်းထောင်တဲ့အခါအခါမာမားပြုတ် တစ်ထုတ်ကျွေးရင် ကိုယ့်အခန်းမှာ မိုးလင်းပေါက်ပေးရိုက်တာကလွဲလို့ ၊ လမ်းသွားရင် အမိုးမရှိတဲ့ မိန်းခလေးရေချိုးဆောင်ထဲ ခဲ ၄-၅ လုံးလောက် ပစ်ထည့်တာကလွဲလို့ ၊ ကျောင်းကားစီးတဲ့နေ့တွေ ကြည့်မရတဲ့သူကို T နဲ့ မသိမသာ ထိုးထည့်လိုက်တာက လွဲလို့ ၊သီတင်းကျွတ် ခါနီး သူများအခန်းတွေထဲ ယမ်းလိုက်ဖောက်တာက လွဲလို့ ကျန်တာတွေ အားလုံးကောင်းပါတယ် ။

သူငယ်ချင်းတွေနဲ့ အဆက်ပြတ်နေတာကြာလှပြီး အရမ်းခင်ကြတဲ့ ချစ်သယ်ရင်း မျက်မှန်နဲ့တောင် အကြာကြီးနေမှ အဆက်သွယ်ရတယ်.... အင်း ကိုယ့်လမ်း ကိုယ်လျှောက် ကိုယ့်ဘ၀နဲ့ကိုယ်မို့ လွမ်းပေမယ့်လည်း နေတတ်နေပါပြီး။ ဒီလောက်ပျော်စရာကောင်းတဲ့ ကျောင်းသားဘ၀ကို ဘာလို့ ကြာကြာမတက်ခဲ့မိတာပါလိမ့် ဂလိုမှန်းသိ ခြစ်ချလိုက်ပါတယ် :P ။ အော်..မေ့လို့ မော်စီက ကျနော့်စာတွေတွေ့ပြီး မင်းဒီလိုတွေ ရေးတတ်မယ်မထင်ဘူးတဲ့ ဟဟား ရွှီးတာတွေလျှော့မှာပဲ ။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com10tag:blogger.com,1999:blog-8761051935949226451.post-17033564730607961882009-03-23T09:28:00.001+07:002009-03-23T09:31:11.800+07:00တောင်းဆုဆုတောင်းတိုင်းသာ ပြည့်ကြေးဆိုရင်
လောကမှာ ၀မ်းနည်စရာတွေ ၊ အဆင်မပြေမှုတွေရှိမယ်မထင်
ဖြစ်ချင်ခဲ့တာက နွေးထွေးတဲ့ မေတ္တာတရားတွေကြား
စစ်မှန်တဲ့ ချစ်ခြင်းတရားတွေ
ဖြစ်နေတာက အပြုံးတု
တိတ်ဆိတ်တဲ့ အခန်းထဲ အထီးကျန်စွာ
နေရာတကာ Three Shadow တဲ့
မုန်းလိုက်တာ

နေ့ တိုင်း ဖော်လုံး ၊ ရွှီးလုံးတွေနဲ့ 
''အော် ..ဟုတ်ကဲ့ ''
''ရတယ်ခင်ဗျ ကျနော် လုပ်လိုက်ပါ့မယ်''
''အားမနာပါနဲ့  ကျနော် ကူညီနိုင်ပါတယ် ''
''ဟုတ်လား ထင်တော့ထင်သား သေချာတော့ မသိဘူး ''
ဒီလို ဒီလို မုသားမပါ လင်္ကာမချော စကားလုံးတွေကြား နစ်မှန်းမသိ နစ်
အရိုးခံလေးပါလို့ ထင်မိတဲ့ ကိုယ့်ကိုယ်ကိုတောင် မုန်းတတ်လာပြီး

ဖြစ်ချင်ခဲ့တာတွေ ဖြစ်ခွင့်မရတော့
ဖြစ်သင့်တာတွေ လုပ်လာခဲ့တာ
တစ်ခါခါတော့ ကျနော် အရမ်းမောလှပြီ ''အမေ''
ဘ၀ကို ပ (ပဇောက်) လို အမြင့်ကိုတက်နိုင်ဖို့ အတွက်
င လို ဘေးဘီကိုကြည့်
၁ (တစ်) လို လူတစ်ကာကိုပြုံးပြ
အခုတော့ ဘ၀ က ခါးသက်လွန်းလို့ 
ဂ (ဂငယ်) ကွေ့ ပြန်ကွေ့ ချင်တယ်
အရာရာက ဘုရားသခင်ရဲ့ အလိုတော်အတိုင်းတဲ့လား
ဘ၀ကို ကြည့်ပြီးသား ရုပ်ရှင်လို နောက်ပြန်ဆုတ်လို့  ရမယ်ဆိုရင်
လွမ်းခန်း ၊ ဆွေးခန်းတွေကို ဖြတ်ပြီး
ငြိမ်းချမ်းမှုတွေနဲ့  ဇတ်သိမ်းခန်းကိုကြည့်ချင်တယ်။

မောင်မျိုးhttp://www.blogger.com/profile/17543012283442233722noreply@blogger.com17