tag:blogger.com,1999:blog-13602022.post-53190081107072958562007-05-11T22:34:00.000+12:002007-05-11T22:35:30.803+12:00(၁.၁) သောကြာနေ့ည ခံစားမှု

*#- ဒီစာအုပ်ဖတ်ရင်း မြန်မာစာရိုက်နည်း ကျင့်နေခြင်း ဖြစ်ပါသည်။ -#*
သောကြာ ၁၁ ၂၀၀၇
ကြာချိန် = ၀း၂၀
စာမျက်နှာ = ၈ - ၉

ကျွန်တော်သည် အထက်တန်းကျောင်း ရပ်ဂဘီ ဘောနည်းပြဆရာအဖြစ် ခုနစ်နှစ် လုပ်ဖူး၏။ ထိုကာလသည် ကျွန်တော့်ဘဝအတွက် အမြဲအမှတ်ရစရာ ကာလတစ်ခု ဖြစ်ခဲ့၏။ ဘောပွဲကျင်းပသည့် သောကြာနေ့ညများကို ကျွန်တော် မမေ့နိုင်။ ဘောလုံးအသင်းမှ လူငယ်များ ဝတ်စုံတွေ ကိုယ်စီဝတ်ဆင်ကြမည်။ [ရပ်ဂဘီဘောမှာ ကန်သည့်ဘောလုံး (Soccer) ထက် ကြမ်းတမ်းသဖြင့် အနာတရ မဖြစ်အောင် ကာကွယ်သည့် ဝတ်စုံများ ဝတ်ကြရသည်။] သူတို့အားလုံး စိတ်ဓာတ်တွေ အရမ်းတက်ကြွနေကြမည်။ အားပေးကြသည့် အတန်းဖော်မိန်းကလေးများက ပန်းဖွားများ ဝှေ့ယမ်းကာ ခုန်ကြကကြမည်။ ကျောင်းတီးဝိုင်းက အောင်ပွဲတေးကို ဟစ်ကြွေးမည်။ ပရိတ်က တစ်ခဲနက် အော်ကြဟစ်ကြ လက်ခုပ်သြဘာပေးကြမည်။

သည်အရွယ် လူငယ်လေးများအား သင်ကြားပြသပေးရသည့် အလုပ်ကို ကျွန်တော် အလွန်ပင် ခင်တွယ်မြတ်နိုးခဲ့သည်။ ဘဝ၏ အခက်အခဲတွေနှင့် မရင်ဆိုင် မကြုံတွေ့ရသေးသည့် အချိန် စိတ်ကူးယဉ်အိမ်မက်တွေ ရည်မှန်းချက် အစီအစဉ်တွေ ပြည့်ပြည့်ဝဝလှလှပပကြီး ရှိနေကြသည့်သူတို့လေးတွေ၏ ရွှန်လန်းသော မျက်နှာများကို ကြည့်ရမြင်ရသည်မှာ အလွန်ကြည်နူးစရာကောင်းလှသည်။

သည်အချိန်ကာလ သူတို့ဘဝမှာ စိတ်လှုပ်ရှားတက်ကြွဖွယ်ရာ အတွေ့အကြုံသစ်တွေ ပြည့်လျှမ်းလျက်ရှိနေသည်။ မိန်းကလေးများနှင့် ချိန်းချက်တွေ့ဆုံတတ်ကြပြီ၊ အရာရာကို စူးစမ်းမှုပြုကြပြီး၊ ကားမောင်းသင်ကြပြီ၊ ကားမောင်းလိုင်စင် ကိုင်ဆောင်ခွင့်ရှိသည့်အရွယ်သို့ ရောက်တော့မည်၊ အချို့လည်း ကိုင်ဆောင်နေကြရပြီ၊ အားကစားအသင်းများ၊ ကလပ်များ၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အုပ်စုများထဲ စတင်ဝင်ရောက်ကြပြီ။

ခြုံ၍ပြောရလျှင် သူတို့အတွက် လောကကြီးသည် ရွေးချယ်ယူငင်စရာတွေ များပြားလှသော ကြွယ်ဝပြည့်စုံသည့် လောကကြီး၊ လူတိုင်းအတွက် အခွင့်အလမ်းတွေ အများကြီး ဖွင့်လှစ်ပေးထားသည့် နေချင့်စဖွယ် လောကကြီး ဖြစ်နေလေသည်။

Mayveloushttp://www.blogger.com/profile/02483979367354264701noreply@blogger.com0